ရတနာသိုက်

March 10, 2015

ရတနာသိုက်တခု အစ္စရေးရှာဖွေသူများတွေ့

အစ္စရေးနိုင်ငံမှာ ဒင်္ဂါးတွေနဲ့ လက်ဝတ်ရတနာတွေ ရှိတဲ့ ရတနာသိုက်ငယ်တခုကို ဂူရှာဖွေသူတွေက ရှာတွေ့ခဲ့ပါတယ်။ ဂါလစ်လီဒေသက ကျောက်စက်ပန်းဆွဲဂူရဲ့ နံရံအက်ကြောင်းထဲကနေ ရတနာသိုက်ကို တွေ့ရှိခဲ့တာလို့ ရိုက်တာ သတင်းက ရေးပါတယ်။ ဒါတွေဟာ အလက်ဇန္ဒြားသည်ဂရိတ် ခေတ်က ဒုက္ခသည်တွေမြုပ်နှံခဲ့တာလို့ ရှေးဟောင်း သုတေသန ပညာရှင်တွေက ယုံကြည်နေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀၀ခေတ်လောက်က လက်စွပ်လက်ကောက်နဲ့ နားဆွဲတွေ ပါတဲ့ ငွေထည်လက်ဝတ်ရတနာ အတော်များများနဲ့ အလက်ဇန္ဒြားခေတ်က သွန်းလုပ်တဲ့ ငွေဒင်္ဂါး ၂ ပြားတို့ ပါဝင်တယ်လို့ ဆိုပါတယ်။ အနှောင့်အယှက် ဖျက်ဆီးမှုတွေကို စိုးရိမ်လို့ ဂူက ဘယ်နေရာမှာလဲဆိုတာကို အစ္စရေး အာဏာပိုင်တွေက အတိအကျ ပြောဖို့ ငြင်းခဲ့ပါတယ်။ ရှာတွေ့တဲ့ ရတနာတွေကိုတော့ ခင်းကျင်းပြသဖို့ ဂျေရုဆလင်ကို ယူလာခဲ့တာပါ။ ရှေးဟောင်း ဂရိကနေ မက်ဆီဒိုးနီးယားဒေသထိ အုပ်ချုပ်ခဲ့တဲ့  အလက်ဇန္ဒြားသည်ဂရိတ် ဘုရင်ဟာ အရှေ့အလယ်ပိုင်းကနေ အာရှတစိတ်တပိုင်းကို အုပ်စိုးခဲ့သူပါ။ အရင်လကတော့ အစ္စရေးကမ်းရိုးတန်းမှာ ရေငုပ်သမားတွေက ဒင်္ဂါးအပြား ၂ ထောင်လောက်ကို တွေ့ရှိခဲ့ပါ တယ်။ [gallery ids="84907,84909,84908"]
6 years Ago
Up