ရင်ဖွင့်စာ

January 19, 2021

ကိုဗစ်ကာလ အခက်အခဲ ကြုံနေရသည့် တံတားဦး ပဲမြစ်တောင်သူများ (ရင်ဖွင့်စာ)

တံတားဦးမြို့နယ်မှာ ကိုဗစ်ကာလ လော့ဒေါင်အစီအစဥ်တွေကြောင့် ပဲမြစ်တောင်သူတွေဟာ ပဲမြစ်တူးဖော်ချိန် နောက်ကျခဲ့ပြီး ပြီးခဲ့တဲ့နှစ်လောက် စျေးကောင်းမရတာကြောင့် အခက်အခဲ ကြုံတွေ့နေကြရတယ်လို့ ရင်ဖွင့်လာကြပါတယ်။ ပဲမြစ်စိုက်တောင်သူ ဦးခင်မောင်သိန်း "ကိုဗစ် ၁၉ ကြောင့် စျေးသိပ်မကောင်းဘူး။ ဖွင့်လိုက် ပိတ်လိုက်ဆိုတော့ စျေးကွက်မဝင်တော့တာပေါ့။ ဒီဇင်ဘာလ စစချင်းက တူးရမှာက ကိုဗစ်ကြောင့် မလုပ်နိုင်တော့ဘူး၊ လော့ဒေါင်းချတာတွေ ဘာတွေနဲ့ဆိုတော့ လုပ်မရတော့ဘူး၊ ဖွင့်လိုက် ပိတ်လိုက်ဆိုတော့ စျေးကွက်မမိတော့တာပေါ့။" မကျီးတောပဲမြစ်အရောင်းဆိုင် ကိုနေဝင်း "ကိုဗစ်ကာလဆိုတော့ အရောင်းအဝယ်ကြပ်တယ်၊ အရင်နှစ်တွေက တစ်နေ့ကို လမ်းဘေးထိုင်ရောင်းတာကို ပိဿာချိန် ၂၀၀၊ ၃၀၀၊ ၄၀၀ ကုန်တယ်၊ အခုက တစ်နေ့ကို ပိဿာချိန် ၅၀ တောင် မနဲရောင်းနေရတယ်။" ပြီးခဲ့တဲ့နှစ်က ပဲမြစ်တစ်ပိဿာ ၁၅၀၀ ကျပ်ကနေ ၃၀၀၀ ကျပ်ဝန်းကျင်ထိ စျေးရှိခဲ့ပေမဲ့ အခုနှစ်မှာ ကိုဗစ်ကြောင့် သုံးပုံ နှစ်ပုံလောက် ကျဆင်းသွားတာလို့ တောင်သူတွေက ဆိုပါတယ်။ သော်တာ
5 months Ago

January 18, 2021

ထီစျေးတင်ရောင်းနေမှု တာဝန်ရှိသူတွေ စိစစ်ကြီးကြပ်ပေးပါ

ကျနော်ကတော့ အသက် ၆၀ အရွယ်ရှိ ရန်ကုန်တိုင်း သာကေတမြို့နယ်က အောင်ဘာလေထီ လက်လီအရောင်းသမားတဦးဖြစ်ပါတယ်။  အောင်ဘာလေထီတွေကို ထီဆိုင်ကြီးတွေကနေ အဆင်ပြေသလို ၀ယ်ယူရောင်းချပါတယ်။

အောင်ဘာလေသိန်းဆုဌာနမှ ကျပ်သိန်းတစ်သောင်းခွဲဆု ၁ ကြိမ်မြောက်ကနေ ၂၃ ကြိမ်မြောက်အထိကို ထီဆိုင်ကြီးတွေမှာ ထီတစ်စောင်ကို တစ်ထောင်ကျပ်စျေးနှုန်းအောက်စျေးနှုန်းနဲ့ ရောင်းချပေးခဲ့ပေမယ့် ၂၄ ကြိမ်မြောက်ထီစျေးနှုန်းမှာ ဇန်နဝါရီ ၁ ရက်ကနေစပြီး ထီလက်မှတ်တစ်စောင်နှုန်းကို ၁၀၀၀ ကျပ်ထက် ကျော်လွန်ပြီး ၁၀၄၀ ကျပ်၊ ၁၀၇၀ ကျပ်နှုန်းအထိ ရောင်းချနေပါတယ်။

ထီဆိုင်တွေက ထီရောင်းချပုံမှာ ဆိုင်ရှေ့မှာ ထီတစ်စောင် ၁၀၀၀ ကျပ်နှုန်း ရေးထားပေမယ့် သူတို့ငွေလက်ခံဖြတ်ပိုင်းဘောင်ချာမှာ တစ်စောင် ၁၀၀၀ ကျပ်နှုန်းနဲ့ ဘောင်ချာဖွင့်ပြီး ၁၀၀၀ ကျပ်ပိုသောငွေကို ဖြတ်ပိုင်းသတ်သတ်ဖြတ်ပေးပြီး ရောင်းချပါတယ်။

အဲဒီလို စျေးနှုန်းတင်ရောင်းချနေမှုကြောင့် ထီထိုးသူပြည်သူများလည်း ထီတစောင်ကို ၁၂၀၀ ကျပ်အထိ ပေးဝယ်ရပြီး ထီစျေးနှုန်းကြီးမြင့်မှုဒဏ်ကို ကြုံနေရသလို ကျနော်တို့လို လက်လီရောင်းချသူများလည်း ရောင်းချရခက်ခဲပါတယ်။

 

ဒါကြောင့် ထီစျေးတင်ရောင်းနေတဲ့ ထီကိုယ်စားလှယ်ဆိုင်ကြီးတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ စိစစ်ကြီးကြပ်ပေးဖို့နဲ့ ထီစျေးနှုန်း ကျဆင်းရေးအတွက် ဆောင်ရွက်ပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

5 months Ago
More News
Up