ရင်းနှီးမြှုပ်နှံမှု

June 26, 2019

ဆော်ဒီနှင့် တောင်ကိုရီးယားကြား ရင်းနှီးမြှုပ်နှံရေး နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး

ဆော်ဒီအာရေဗျ အထွေထွေ ရင်းနှီးမြှုပ်နှံမှု အာဏာပိုင်အဖွဲ့ (SAGIA) နဲ့ တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံသူတွေကြား နားလည်မှုစာချွန်လွှာ ၁၄ ရပ်နဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့တယ်လို့ SAGIA က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ဇွန်လ ၂၆ ရက်က ကြေညာပါတယ်။ ဘဏ္ဍာရေး၊ မီဒီယာ၊ ကုန်ထုတ်လုပ်ငန်း၊ ရေနံဓာတုနဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေ အပါအဝင် ကျယ်ပြန့်တဲ့ကဏ္ဍတွေမှာ သဘောတူညီချက်တွေ ရခဲ့တာလို့ SAGIA ရဲ့ ရင်းနှီးမြှုပ်နှံသူ ဆွဲဆောင်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ဒု-အုပ်ချုပ်ရေးမှူး စူလ်တန် မိုဖတီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ တောင်ကိုရီးယား စီးပွားရေးကုမ္ပဏီ အတော်များများကို စီးပွားရေးလုပ်ခွင့် လိုင်စင်အသစ်တွေ ထုတ်ပေးတာကိုလည်း သူက ကြေညာပါတယ်။ ဒီနိုင်ငံတွေဟာ ဆော်ဒီမှာ စီးပွားရေးလုပ်ငန်းတွေ အခြေချလုပ်ကိုင်ခွင့် ရပါတယ်။ ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက်ဒ် ဘင်ဆယ်လ်မန်ဟာ နှစ်နိုင်ငံကြား စီးပွားရေးဆိုင်ရာ ဆက်ဆံရေး တိုးမြှင့်ဖို့ တောင်ကိုရီးယားကို လာရောက်လည်ပတ်ချိန်မှာ ခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။
2 years Ago

June 7, 2019

မက္ကဆီကိုတွင် BMW ကုမ္ပဏီ ရင်းနှီးမြှုပ်နှံမည့်ကိစ္စ ပြောင်းလဲမည်မဟုတ်ဟု ပြော

မက္ကဆီကို သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်မယ်လို့ အမေရိကန် ခြိမ်းခြောက်ပြီးနောက်ပိုင်း BMW ကုမ္ပဏီအနေနဲ့ မက္ကဆီကိုမှာ ရင်းနှီးမြှုပ်နှံတာကို ပြောင်းလဲမှာ မဟုတ်ဘူးလို့ ကုမ္ပဏီဘုတ်အဖွဲ့ဝင် တဦးက ဇွန်လ ၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။ နိုင်ငံအတော်များများက တင်သွင်းယာဉ်တွေအပေါ် သွင်းကုန်ခွန် စည်းကျပ်တာတွေ ရှိနေပေမယ့် ကုမ္ပဏီဟာ ကမ္ဘာတဝှမ်း မော်တော်ယာဉ်တွေ ရောင်းချနေတယ်လို့လည်း ထုတ်လုပ်ရေးပိုင်း ဘုတ်အဖွဲ့ဝင် အော်လီဗာဇစ်ပ်က ဆိုပါတယ်။ အော်လီဗာဇစ်ပ်ဟာ အမေရိကန်ဒေါ်လာ ၁ ဘီလျံတန် BMW မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံ ဖွင့်ပွဲအတွက် မက္ကဆီကိုမြို့ ဆန်လူးဝစ်ပိုတိုစီမြို့ကို ရောက်နေတာပါ။ ဒါပေမယ့် တခြား မော်တော်ယာဉ်ထုတ်လုပ်သူတွေကတော့ မက္ကဆီကို သွင်းကုန်တွေအပေါ် အခွန်တိုးကောက်တာက လုပ်ငန်းအပေါ် ထိခိုက်စေနိုင်တယ်ဆိုပြီး သတိပေးကြပါတယ်။ ဇွန်လ ၄ ရက်နေ့က တိုယိုတာမော်တော်ယာဉ် ထုတ်လုပ်ရေး ကော်ပိုရေးရှင်းက မက္ကဆီကို သွင်းကုန်တွေအပေါ် အခွန်တိုးကောက်မယ့် အဆိုပြုချက်ဟာ အဓိက ကုန်ရောင်းသူတွေကို အမေရိကန်ဒေါ်လာ ၁ ဘီလျံ ဆုံးရှုံးစေနိုင်တယ်လို့ ပြောခဲ့ပါတယ်။
2 years Ago
More News
Up