ရင်ဖွင့်စာ

July 28, 2019

ရင်ဖွင့်စာ

ဒေါပုံမြို့နယ်အတွင်း သောင်းကျန်းနေသည့် ခွေးလေခွေးလွင့်များ  ဒေါပုံမြို့ နယ်၊ ကြည်စုရပ်ကွက်၊ ရတနာသိဒ္ဓိလမ်းမှာ ခွေးလေခွေးလွင့် အလွန်များနေပါတယ်။ လမ်းဖြတ်သွားသူတိုင်းကို အဲဒီခွေးတွေက အုပ်စုလိုက် လိုက်ကိုက်ကြပါတယ်။ ရပ်ထားတဲ့ ကားတွေပေါ်ကိုလည်း တက်အိပ်လို့ ကားတွေမှာ ခွေးခြေသည်း နဲ့ ခြစ်မိတာတွေလည်းရှိနေပါတယ်။ ခွေးလေခွေးလွင့်များ ရှင်းလင်းနေတယ် ဆိုပေမယ့်လည်း ကျနော်တို့လမ်းကိုတော့ တခါမှ လာမရှင်းသေးပါ။ တာဝန်ရှိသူများသိအောင်ပြောပေးပါ ကျေးဇူးပါ။ အမည်မဖော်လိုသူတဦး အလားတူ ပေးပို့လာတဲ့ စာတစောင်ထဲမှာလည်း  ကျနော်တို့ဒေါပုံမြို့နယ် ဆေးစပ်ရပ်ကွက်က ခွေးလေခွေးလွင့်တွေ ရှင်းလင်းစေလိုပါတယ်။ ညဘက် အပြင်တောင် မထွက်ရဲဘူး၊ လိုက်ကိုက်နေလို့ပါ။ ဇော်ဂျီလမ်းက အဆိုးဆုံးပါ။ အမြန်ဖယ်ရှားပေးပါ။ ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော်တို့က ည ၁၂ နာရီ လောက်မှ အိမ်ပြန်ရတာအလုပ်က။ ထွန်းထွန်း   ပခုက္ကူမြို့ လျှပ်စစ်မီတာခကိစ္စ ဖြေရှင်းပေးပါ ကျနော်တို့ ပခုက္ကူမြို့မှာ လျှစ်စစ်မီးက တလလုံး မီးပျက်ချိန်ကို ပေါင်းလိုက်ရင် ၁၀ ရက်စာလောက်တော့ ရှိလောက်တယ်။ နောက်ပြီး ဆောင်းရာသီနဲ့ နွေရာသီမှာလည်း လျှစ်စစ်မီး သုံးစွဲခြင်းဟာ ကွာခြားမှူတွေရှိပါတယ်။ ဒါလည်း မီတာခတွေက မလျော့တဲ့အပြင် တိုးတိုးလာနေပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ မြို့သူမြို့မြို့သားများ ခံစားနေရတာ နိုင်ငံတော်သိအောင်တင်ပြလိုက်ပါတယ်။ ကိုကြည်သိန်း   ကျောင်းအုပ်မရှိတဲ့ ချောင်းဆုံ ကလွီကျေးရွာ အထက်တန်းကျောင်း ဘီးလူးကျွန်း ချောင်းဆုံမြို့နယ် ကလွီကျေးရွှာ အထက်တန်းကျောင်းမှာ ကျောင်းအုပ် ဆရာကြီးပြောင်းသွားတာ ၂၀၁၈-၂၀၁၉ ပညာသင် နှစ်ဝက်လောက်က ပြောင်းသွားပါတယ်။ ဆယ်တန်းကျောင်းသားတွေလည် အောင်ချက်ကျသွားပါတယ်။ အခုနှစ် ပညာသင်းနှစ်မှာ ကျောင်းတွေလည်း ဖွင့်လို့ တလကျော်သွားပါပြီ။ ကျောင်းအုပ်ဆရာလည်း မကျသေပါဘူး။ မြို့နယ် ပညာရေမှူးကပဲ မသိတာလား၊ ပြည်နယ်ပညာရေးမှူး မသိတာလား ပြောပေးပါဦး အထက်လူကြီးတွေသိအောင်။ ကျောင်းသားမိဘများ ကိုယ်စား    ညောင်ရွှေမြို့နယ်က လုယက်မှုများ နှိမ်နင်းပေးပါ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ညောင်ရွှေမြို့ကပါ။ ညောင်ရွှေမြို့က မြန်မာနိုင်ငံရဲ့ ဒုတိုတိုးမြို့တော်လို့ ခေါ်ရလောက်အောင် နိုင်ငံခြားသားတွေ အဝင်ထွက် အသွားလုများပါတယ်။ နိုင်ငံတော်အတွက်လည်း ဝင်ငွေများစွာ ရှာပေးတဲ့ မြို့ငယ်လေးတခုဆိုရင် မမှားပါဘူး။ နှစ်စဉ်တိုင်း နိုင်ငံခြားသားတွေမှာ လုယက်ခံနေရပါတယ်။ လစဉ် နှစ်မှုကနေ အထက်ရှိနေတာပါ။ အခုထက်ထိ ပြစ်မူကျူးလွန်သူလည်း မမိသလို အမှုလျော့နည်းအောင်လည်း မလုပ်ပေးနိုင်ကြပါဘူး။ အဲ့ဒီအတွက် ကျနော်တို့ ညောင်ရွှေမြို့အပါဝင် မြန်မာနိုင်ငံရဲ့ ပုံရိပ်ပါ ထိခိုက်စေတဲ့အတွက် ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့အနေနဲ့ ကိုယ့်အလုပ်ကို လုပ်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ညောင်ရွှေမြို့ခံတဦး ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected], [email protected]
2 years Ago

July 21, 2019

ရင်ဖွင့်စာ

ရင်ဖွင့်စာ ကျူးမြေတွေက တိုက်တွေ ဖြစ်ကုန်ပါပြီ ကျနော် မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ သံလျင်မှော်အနောက်မှာ နေပါတယ်။ ကျနော်တို့ဘက်မှာ ကျူးမြေတွေ ရှိပါတယ်။ နေရာက ၄၁ လမ်း အနောက်ထိပ် ညဈေးအရှေ့ဘက်ကပါ။ အဒီကျူးမြေတွေကို သံနောက် မန်းစည်ပင် ရွေကောက်ပွဲတုန်း ကျူးမြေတွေ နှင်မလိုလိုနဲ့ ခု ဒီအတိုင်းပဲ ရှိနေတာပါ။ ခု ကျူးမြေတွေက တိုက်တွေ ဖြစ်ကုန်ပါပြီ။    သက်ဆိုင်ရာ ဌာနများကို တိုင်ကြားပေးပါရန် မေတ္တာရပ်ခံ တင်ပြအပ်ပါတယ်။ Min Ku Tha   ရဲမဖမ်းသည့် ဇီးကုန်းမြို့နယ်က  နှစ်လုံးသုံးလုံးနှင့်ကြက်ဝိုင်းများ ကျနော်က သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ နွားတဲကုန်းအုပ်စု၊ မြောက်လွတ်ကုန်းရွာပါ။ ကျနော်တို့ဆီမှာ ၂ လုံး၊ ၃ လုံး၊ ကြက်ဝိုင်းတွေ လုပ်နေကြတယ်။ လူကြီးတွေ၊ ရာအိမ်မှူးတွေ သိတယ်။ အဲဒါ ရဲတွေ ဘာလို့ မဖမ်းတာလဲ။ လူကြီးတွေ ရာအိမ်မှူးတွေ ပိုက်ဆံပေးထားလို့လား။ အဲဒါကို အထက်က တာဝန်ရှိသူတွေ သိစေချင်ပါတယ်။   စိုက်စရိတ်ချေးငွေ မရတာ ငါးနှစ်ရှိပြီ၊ ကူညီပေးပါ ကျနော်က မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ သာဂေါင်ကျေးရွာအုပ်စု၊ နွားမော့ကျေးရွာကပါ။ ကျနော်တို့ ကျေးရွာမှာရှိတဲ့ တောင်သူတွေမှာ နိုင်ငံတော်မှ စိုက်ပျိုးရေးချေးငွေများ ချေးခွင့်မရသည်မှာ ငါးနှစ်ခန့် ရှိနေပါပြီ။ သို့ဖြစ်ပါ၍ ဒီဗွီဘီကတဆင့် တင်ပြ အကူညီ တောင်းခံပါတယ်။ ကိုကျော်   လောင်းကစားပေါင်းစုံ ခေတ်စားနေတဲ့ ပဲခူးမြို့ အခုနှစ်ပိုင်းမှာ ဖုန်းနဲ့ ဖဲ၊ ငါးဂိမ်း စတဲ့ လောင်းကစားပေါင်းစုံ ပဲခူးမြို့ရဲ့ရပ်ကွက်တွေထဲမှာ တော်တော် ခေတ်စားနေပါတယ်။ အထူးသဖြင့် ဆိုရှယ်လစ်ရပ်ကွက်၊ ဆိုရှယ်လစ် ၁၃ လမ်းမှာဆို ဖုန်းနဲ့ ဖဲရိုက်၊ ငါးပစ် လောင်းကစားအစုံကို ငွေကြေး မြောက်မြားစွာနဲ့ လုပ်စားနေပါတယ်။ ရပ်ကွက်ထဲက လူကြီး၊ ကလေး၊ မိန်းမ အရွယ်ပေါင်းစုံ ထိုလောင်းကစားနဲ့ ရှိစုမဲ့စုကုန်တဲ့ ဘဝတွေ ဖြစ်ကုန်ကြပါပြီ။ ဒါကို တာဝန်ရှိသူတွေ မသိချင်ယောင် ဆောင်နေတာလား၊ ရပ်ကွက်အရေး ရင်လေး မိတာကြောင့် ကူညီ ပြောပေးကြပါလို့ တောင်းပန်အပ်ပါတယ်။ အမည်မဖော်လိုသူတဦး     ပျူပုတီးစေ့များ ရှာဖွေမှုကြောင့် နတ်မောက် သီးနှံစိုက်ခင်းများ ပျက်စီး ကျနော်က မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပင်းကန်ကြီးကုန်းရွာကပါ။ ကျနော်တို့ရွာမှာ ရှေးခေတ် ပျူပုတီးစေ့များ မိုးရွာတဲ့အခါ လယ်တွေ၊ ယာတွေမှာ ပေါ်လာ တတ်ပါတယ်။ အဲ့ဒီအတွက် မိုးရွာပြီဆိုရင်.. ပုတီးစေ့ရှာတဲ့သူတွေဟာ တောင်ပုံရာပုံပါပဲ။ နွေရာသီ သီးနှံမစိုက်တဲ့ အချိန်တွေဆို ဘာမှမဖြစ်ပေမယ့်၊ အခုလို မိုးရာသီဆိုရင်တော့ နှမ်း၊ ပဲ၊ ငရုပ်၊ ဝါ အစရှိတဲ့ သီးနှံများစိုက်ပျိုးထားတဲ့အတွက် ၎င်းလယ်ယာမြေတွေအပေါ် ဖြတ်နင်းရှာဖွေကြတဲ့ အတွက် သီးနှံပင်များ ပျက်စီးဆုံးရှုံးစေပါတယ်။ အခင်းရှင်တွေကလည်း အမြဲတမ်းစောင့်မကြည့် နိုင်တဲ့အတွက်ကြောင့် ဒုက္ခရောက်ရပါတယ်။ အခုဆို ယာခင်းဘေးမှာ တဲထိုးပြီး စောင့်ရမလို ဖြစ်နေပါပြီ။ ဒါကြောင့်... တာဝန်ရှိ အထက်လူကြီးမင်းများက ရှောင်တခင် ဝင်ရောက်တားဆီး၊ အရေးယူ ဖမ်းဆီးပေးစေလိုကြောင်း ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။ ကိုကံကောင်း ဒီဗွီဘီကို ရင်ဖွင့်စာပေးပို့လိုပါက အောက်ဖော်ပြပါ အီးမေးလ်တွေကို ပေးပို့နိုင်ပါတယ်။ [email protected], [email protected]
2 years Ago
More News
Up