ရခိုင်

July 26, 2019

ရခိုင်လူမှုရေးအသင်းဝင်များကို စွဲချက်မတင်သေးဘဲ ရမန်ထပ်ယူ 

ရခိုင်လူမှုရေးအသင်း(စင်္ကာပူ)အဖွဲ့က ခေါင်းဆောင်တွေအပါအဝင် ၉ ဦးကို ဒီနေ့ မနက်က ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးမှာ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့က ချုပ်ရမန် ထပ် တောင်းခံခဲ့တာကြောင့်  တရားရုံးက သြဂုတ် ၉ ရက်အထိ ချုပ်မိန့် ရမန်ပေးလိုက်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ ကိုအောင်မြတ်ကျော်၊ ကိုထွန်းအေးနဲ့ ကိုဟိန်းဇော်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)(ခ)(ဂ) တို့နဲ့ ရမန်တောင်းခံခဲ့သလို ကျန် ၆ ယောက်ကိုတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (ခ)(ဂ)တို့နဲ့ ရမန်တောင်းခံခဲ့တာလို့ အနောက်ပိုင်းခရိုင် သတင်းပြန်ကြားရေး အရာရှိက ပြောပါတယ်။ ဒီတကြိမ်တောင်းခံတာက ဒုတိယအကြိမ်ဖြစ်ပြီး ပထမတကြိမ်တုန်းက မရမ်းကုန်းမြို့နယ် တရားရုံးမှာ တောင်းခံခဲ့ရာမှာ ဇူလိုင်လ ၂၆ ရက်အထိ ချုပ်မိန့်ရမန် ပေးခဲ့တာပါ။ အခုစွပ်စွဲခံထားရတဲ့သူတွေကို မြန်မာနိုင်ငံသတင်းရဲတပ်ဖွဲ့ ရဲမှူးတင့်ရွှေက တရားလိုပြု တိုင်တန်းထားတာဖြစ်ပြီး လက်ရှိအချိန်က တရားစွဲတင်တဲ့ အဆင့်မဟုတ်သေးဘဲ အမှုစုံစမ်း စစ်ဆေးနိုင်ဖို့ ချုပ်မိန့်ယမန်တောင်းခံတဲ့အဆင့်ပဲ ရှိသေးတယ်လို့ ခရိုင် သတင်းပြန်ကြားရေး အရာရှိက ပြောပါတယ်။ စစ်ဆေးခံနေရတဲ့သူတွေနဲ့ သူတို့မိသားစုဝင်တွေ အခုချိန်ထိတွေ့ဆုံခွင့်မရသေးသလို ဘယ်မှာထိန်းသိမ်း ထားတယ်ဆိုတာကို မသိတာကြောင့် စိုးရိမ်ပူပန်မူတွေရှိနေတယ်လို့ မိသားစုတွေရဲ့ ရှေ့နေ ဦးကျော်မျိုးထွန်းက သတင်းထောက်တွေကို ပြောပါတယ်။ မိသားစုဝင်တွေက ဒီနေ့မနက် မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်မယ်လို့ ကြားသိတာကြောင့် သွားရောက်စောင့်ဆိုင်းခဲ့ကြပေမယ့် တွေ့ဆုံခွင့် မရခဲ့ပါဘူး။ ရခိုင်လူမှုရေးအသင်း(စင်္ကာပူ)အဖွဲ့ခေါင်းဆောင်တွေဟာ အေအေလက်နက်ကိုင် အဖွဲ့ကို ငွေကြေး ထောက်ပံ့ခဲ့တယ်ဆိုပြီး စင်ကာပူပြည်ထဲရေးဌာနက ထုတ်ပြန်လိုက်ပြီးနောက်မှာ  မြန်မာနိုင်ငံကို ပြန်ရောက်လာစဉ် ဖမ်းဆီး တရားစွဲခံနေရတာ ဖြစ်ပါတယ်။
2 years Ago

May 4, 2019

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်တွင် ပြေးဆွဲနေသည့် ရေယာဉ်အချို့ ရပ်နားထား

ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့ အရှိန်ကြောင့် ရာသီဥတု အခြေအနေဆိုးရွားနေတာကြောင့် ရခိုင်ပြည်နယ်အတွင်းမှာ ပြေးဆွဲနေတဲ့ အစိုးရရေကြောင်းလိုင်း ဂစ္ဆပနီအမြန်ယာဉ်အပါအဝင် ရေယာဉ်အချို့ကို ရပ်နားဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ရာသီဥတု စတင်ဆိုးရွားမှုဖြစ်တဲ့ မေလ ၃ ရက်နေ့ကစပြီး မေလ ၇ ရက်နေ့လောက်အထိ ခရီးစဉ်တွေ ရပ်နားထားဖွယ်ရှိကြောင်း ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှူး ဦးထင်ကျော်က ဒီဗွီဘီကိုပြောပါတယ်။ ဦးထင်ကျော်က “လောလောစဉ်မှာ ရာသီဥတုက မိုးရွာလိုက်၊ လေတိုက်လိုက် ဖြစ်နေတာ။ ကျနော်တို့ တရင်းသိရတာက အမြန်ယာဉ်တို့ ဘာတို့ ခရီးစဉ်တွေရပ်ထားတာက ဒီနေ့နဲ့ မနက်ဖြန်လောက်ရာသီ ဥတုဆိုးနေတော့ ရပ်ထားတယ်။ တနင်္လာ၊ အင်္ဂါလောက် ရာသီဥတုကောင်းရင်တော့ ထွက်ဖြစ်မယ်ထင်ပါတယ်” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ အစိုးရ အမြန်ရေယာဉ် ကစ္ဆပနဒီ၊ ပုဂ္ဂလိက ယာဉ်လိုင်းတွေဖြစ်တဲ့ ရွှေပြည်တန်၊ မလိခနဲ့ ရွှေနဒီစတဲ့ သင်္ဘောတွေ ပြေးဆွဲနေတာပါ။ အခုလို ရာသီဥတု ဆိုးရွားနေတာကြောင့် ရွှေပြည်တန်အမြန်ရေယာဉ်အနေနဲ့လည်း ပေါက်တောနဲ့ မြောက်ဦးတို့လို စစ်တွေနဲ့ မဝေးတဲ့ ခရီးစဉ်တွေကို ပြေးဆွဲနေပေမယ့် တောင်ကုတ်နဲ့ ကျောက်ဖြူတို့လို ဝေးလံတဲ့ ခရီးစဉ်တွေကို ရပ်နားထားရတယ်လို့ ဆိုပါတယ်။ ရွှေပြည်တန် အမြန်ရေယာဉ်မန်နေဂျာ ဦးစံမော်သိန်းက “အဓိကကတော့ အခုလိုမျိုးရာသီဥတုမကောင်းလို့ ခရီးစဉ်မပြေဆွဲတာကတော့ ဒီအပေါ်မှာ ခရီးသည်တွေအနေနဲ့ နားလည်ပေးကြပါ။ ဘာပဲပြောပြော ဒါဟာလုံခြုံမှုရှိအောင် အန္တရာယ်မဖြစ်အောင် ရပ်နားထားတဲ့ သဘောပါ။ ရာသီဥတုဆိုတာ ပြုပြင်လို့ မရတဲ့အတွက် ကြောင့် ကိုယ်ကပဲ ရှောင်တိမ်းရမှာ ဖြစ်တဲ့အတွက်ကြောင့် နားလည်ပေးကြပါလို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။ ခရီးစဉ်တွေ ရပ်နားထားရတာကြောင့် ခရီးသည်တွေတင် မကဘဲ အမြန်ယာဉ်ပြေးဆွဲနေသူတွေအဖို့လည်း နစ်နာတယ်လို့ ဆိုပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့ အခြေအနေဟာ အိန္ဒိယနိုင်ငံနဲ့ အနောက်င်္ဘလား ပြည်နယ်တွေကို ဝင်ရောက်ခဲ့ပြီး နောက်ထပ်ဖြစ်ပေါ်လာနိုင်ခြေရှိ ကြောင်း ကြေညာထားပါတယ်။ အဲဒီအခြေအနေကြောင့် ရခိုင်ကမ်းရိုးတန်းဒေသအပါအဝင် မြန်မာနိုင်ငံထဲက ဒေသတချို့မှာ မိုးကြီးမှု၊ လှိုင်းကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလဌာနက သတိပေးထားပါတယ်။
2 years Ago
More News
Up