ရက်ရှ်ဖို့ဒ်

February 2, 2021

လူမည်းဖြစ်ရခြင်းကို ဂုဏ်ယူကြောင်း လူမျိုးရေးခွဲခြားသူတွေကို ရက်ရှ်ဖို့ဒ် တုံ့ပြန်

အာဆင်နယ်နဲ့ပွဲအပြီးမှာ ဆိုရှယ်မီဒီယာကနေ လူမျိုးရေးခွဲခြားမှုတွေ ခံခဲ့ရကြောင်း မန်ယူ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပြောပါတယ်။ 

ရက်ရှ်ဖို့ဒ်အနေနဲ့ ခြေစွမ်းပြသနိုင်ခြင်း မရှိတာနဲ့ ဂိုးသွင်း ဂိုးတချို့ကို အသုံး မချ နိုင်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေက ဆိုရှယ်မီဒီယာတွေကနေ ဝေဖန်ခဲ့ကြတာပါ။

 အဲဒီလိုဝေဖန်မှုတွေထဲမှာ လူမည်းကစားသမား တစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့ဒ်ကို မျောက်နဲ့ နှိုင်းယှဉ်ပြီးတော့ ပရိသတ်တစ်ဦးက ဝေဖန်ခဲ့သလို တခြားပုံစံအမျိုးမျိုးနဲ့ လူမျိုးရေးခွဲခြားမှုတွေ လည်း ရှိခဲ့တာပါ။ 

ရက်ရှ်ဖို့ဒ်ကတော့  ဆိုရှယ်မီဒီယာတွေကနေ ဝေဖန်မှုတွေက အဆိုးဘက်ကို ဦးတည်စေ တယ်လို့ ပြောပါတယ်။ 

“ကျနော်က လူမည်းတစ်ယောက်ပါ။  အဲဒီလိုဖြစ်ရတာကိုလည်း နေ့တိုင်းဂုဏ်ယူစွာနဲ့ ပျော်ရွှင်နေပါတယ်။ ဘယ်သူကမှ၊ ဘယ်လို မှတ်ချက်စကားတွေကမှ ကျနော့် စိတ်ကို ကွဲပြား အောင်လုပ်လို့ မရနိုင်ပါဘူး။ ကျနော်ဆီက ဒေါသထွက်တဲ့ တုံ့ပြန်ချက်တွေ ကိုရှာဖွေနေတယ်ဆိုရင် တော့ အဲဒီလို မလုပ်ဖို့ပဲ ပြောချင်ပါတယ်” လို့ ရက်ရှ်ဖို့ဒ်က ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ 

မန်ယူနောက်ခံလူ တွန်ဇန်ဘီဟာလည်း ရှက်ဖီးနဲ့ပွဲအပြီးမှာ လူမျိုးရေးခွဲခြားမှုခံခဲ့ရပြီး ချဲလ်ဆီးက ရီဆီဂျိမ်းစ်၊ဝက်စ်ဘရွန်းက ရိုမိန်းဆော်ယာစ်တို့ဟာလည်း ဆိုရှယ်မီဒီယာတွေမှာ လူမျိုးရေးခွဲခြားမှုတွေ ခံနေရပါတယ်။

3 months Ago

January 7, 2021

မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ကမ္ဘာ့တန်ဖိုးအရှိဆုံးကစားသမားဖြစ်လာ

ကမ္ဘာ့တန်ဖိုးအရှိဆုံး ကစားသမားစာရင်းထုတ်ပြန်ခဲ့ရာမှာ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က အမ်ဘာပေနဲ့ ဟာလန်းတို့ကို ကျော်ဖြတ်ပြီး နံပါတ် ၁ နေရာမှာ ရပ်တည်ပါတယ်။ ဘောလုံးအချက်အလက် ရှာဖွေရေးကုမ္ပဏီ တစ်ခုဖြစ်တဲ့ CIES ရဲ့ထုတ်ပြန်ချက်အရ အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်က ပေါင် သန်း ၁၅၀ တန်ကြေး သတ်မှတ်ခံခဲ့ရပြီး အမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။  အရင်နှစ်က ထုတ်ပြန်ချက်မှာ တန်ဖိုးအရှိဆုံးကစားသမားဖြစ်ခဲ့တဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့တာနဲ့ အတူတန်ဖိုးလည်း ကျဆင်းသွားခဲ့ ပြီး ပေါင် ၁၃၅ သန်းသာ သတ်မှတ်ခံခဲ့ရတာပါ။  ဒေါ့မွန်တိုက်စစ်မှူးဟာလန်က ပေါင် ၁၃၇ ဒသမ ၃သန်း၊ လီဗာပူးနောက်ခံလူ အာနိုးလ်က ပေါင် ၁၃၇ သန်းနဲ့ တတိယတန်ဖိုးအရှိဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။  မန်ယူကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်က ပေါင် ၁၃၅ ဒသမ ၁ သန်းသတ်မှတ်ခံခဲ့ရပြီး စတုတ္ထမြောက်တန်ဖိုးအရှိဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ CIES ဟာ ကစားသမားတွေ ပြသခဲ့တဲ့ခြေစွမ်း၊ အသက်အရွယ်၊ စာချုပ်သက်တမ်းအခြေအနေ၊ ခြေစွမ်းတိုးတက်လာမှုနဲ့ ကလပ်အသင်း အောင်မြင်မှုတွေကို ပေါင်းစပ်တွက်ချက်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ 
4 months Ago
More News
Up