ယူရိုပါလိဂ်တွင် အာဆင်နယ် နိုင်ပွဲဆက်ပြီး အုပ်စုထိပ်ဆုံးမှ ဦးဆောင်

November 3, 2017

ယူရိုပါလိဂ်တွင် အာဆင်နယ်က အုပ်စုအဆင့်မှ လွတ်မြောက် (ရုပ်သံ)

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုပါလိ အုပ်စု (H) ပွဲစဉ်မှာ အာဆင်နယ်က ရက်စတား ဘဲလ်ဂရိတ်အသင်းနဲ့ ဂိုးမရှိ သရေကျပေမယ့် အုပ်စုအဆင့်ကနေ လွတ်မြောက်သွားပါတယ်။ အာဆင်နယ်က ကွင်းလယ်မှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ အပြန်အလှန် ရခဲ့ပါတယ်။ အာဆင်နယ် တိုက်စစ်မှူး ဂျီရုပ်နဲ့ ကွင်းလယ်သမား ဝီရှိုင်းယားတို့ အခွင့်အရေးတွေ ရပေမယ့် တဖက် ဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆားဘီယားကလပ်ဟာ ခံစစ်ကစားပုံ ကောင်းခဲ့ပြီး မာမာထန်ထန် တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ရက်စတား ဘဲလ်ဂရိတ်အသင်းဟာ အင်္ဂလိပ်အသင်းတွေနဲ့ ဆုံတုန်း ဂိုးမပေးရတဲ့ စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ဒီပွဲသရေ ကျပေမယ့်လည်း အာဆင်နယ်က အုပ်စု (H) မှာ ၁၀မှတ်နဲ့ ဦးဆောင်နေပြီး ရက်စတား ဘဲလ်ဂရိတ်အသင်းက ၅ မှတ်နဲ့ ဒုတိယ နေရာမှာ ရပ်တည်နေပါတယ်။ အုပ်စု အနေအထားအရ လက်ကျန်ပွဲ ၂ ပွဲ ကျန်ပေမယ့် အာဆင်နယ်က ဒုတိယနေရာက အသင်းကို ၅ မှတ် ဖြတ်ထားနိုင်လို့ အုပ်စုအဆင့်ကနေ လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။
4 years Ago

October 20, 2017

ယူရိုပါလိဂ်တွင် အာဆင်နယ် နိုင်ပွဲဆက်ပြီး အုပ်စုထိပ်ဆုံးမှ ဦးဆောင် (ရုပ်သံဟိုက်လိုက်)

မနေ့ညက ယှဉ်ပြိုင်သွားတဲ့ ယူရိုပါလိဂ် အုပ်စု အိတ်ခ်ျ တတိယပွဲစဉ်အဖြစ် အာဆင်နယ်က အဝေးကွင်းမှာ ဆားဘီးယားကလပ် ဆီရာဘီယာ ဇဘေဒါအသင်းကို ၁ ဂိုးတည်းနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ အဝေးကွင်းမှာ ခက်ခက်ခဲခဲ ယှဉ်ပြိုင်သွားရတာပါ။ အာဆင်နယ်က ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ထိန်းချုပ်နိုင်ပေမယ့် ဆားဘီးယားကလပ်ဘက်ကလည်း အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဆားဘီးယားကလပ်က ခံစစ်ဦးစားပေးနဲ့ တန်ပြန်တိုက်စစ်တွေကို အသုံးပြု ယှဉ်ပြိုင်သွားပါတယ်။ အာဆင်နယ် ကွင်းလယ်ကစားသမား ဝဲလ်ရှိုင်းယား ဒီပွဲမှာ ခြေစွမ်းပြနိုင်လို့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခြင်း ခံရပါတယ်။ မိနစ် ၈၀ လောက်မှာ ဆားဘီးယားကလပ်က ကစားသမားတဦး ဖျက်တာကြမ်းလို့ ၂ ၀ါ ၁ နီနဲ့ အထုတ်ခံလိုက်ရပါတယ်။ အဲဒီနောက် ၅ မိနစ်လောက်မှာပဲ အာဆင်နယ်အတွက် အနိုင်ဂိုးကို တိုက်စစ်မှူး ဂျရူးက သွင်းယူပါတယ်။ ဒီပွဲနိုင်လို့ အုပ်စု အိတ်ခ်ျမှာ အာဆင်နယ်က ၉ မှတ်နဲ့ ဦးဆောင်နေပြီး ဘိတ် ဘိုရီဆော့အသင်းက ၄ မှတ်နဲ့ ဒုတိယ၊ ဆားဘီးယားကလပ် ဆီရာဘီယာ ဇဘေဒါက တတိယနဲ့ ဂျာမန်ကလပ် ကိုလုံးက အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago
Up