ယူရိုပါလိဂ်

May 23, 2019

ယူရိုပါလိဂ် ဗိုလ်လုပွဲတွင် ကွင်းလယ်လူ ကန်တေ ပါဝင်နိုင်မည်ဟု ချဲလ်ဆီးနည်းပြ အတည်ပြု

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ကွင်းလယ်ကစားသမား ကန်တေ ပါဝင်ကစားနိုင်မယ်လို့ ချဲလ်ဆီးနည်းပြ ဆာရီက အတည်ပြုလိုက်ပါတယ်။ ကွင်းလယ်လူ ကန်တေဟာ ဝတ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ တံကောက်ကြော ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အသင်းရဲ့ ပွဲစဉ်နှစ်ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ဗုဒ္ဓဟူးနေ့က အသင်းနဲ့ လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပြီး ဗိုလ်လုပွဲမှာ ပါဝင်နိုင်ဖို့ရှိတယ်လို့ နည်းပြဆာရီက ပြောကြားခဲ့တာပါ။ ဒါပေမယ့် နောက်ခံလူ ရူဒီဂါ၊ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ လော့ဖ်တပ်စ်ချိခ်နဲ့ ဟတ်ဆန်အိုဒွိုင်းတို့ကတော့ လွဲချော်မှာဖြစ်တယ်လို့ ဆာရီက အတည်ပြုခဲ့ပါတယ်။ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ ကစားမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲကို မေလ ၂၉ ရက်မှာ ယှဉ်ပြိုင်ကြမှာပါ။ အရန်ကစားသမား ၁၂ ဦးအထိ ကွင်းထဲကို ခေါ်ယူနိုင်မှာဖြစ်ပြီး လူစားလဲမှု သုံးဦးပြည့်ပြီးလို့ အချိန်ပို ဆက်ကစားရမယ်ဆိုရင် နောက်တဦး လူစားလဲခွင့်ရရှိမှာ ဖြစ်ပါတယ်။
2 years Ago

May 21, 2019

ယူရိုပါလိဂ်တွင် ဗိုလ်စွဲပါက အာဆင်နယ်ကစားသမားများ ဆုကြေးပေါင် ၁၀ သန်း ရရှိမည်

အာဆင်နယ် ကစားသမားတွေဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် ဆုကြေး ပေါင် ၁၀ သန်း ရရှိမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် ချဲလ်ဆီးအသင်းနဲ့ မေလ ၂၉ ရက်မှာ ယှဉ်ပြိုင်ကစားရမှာပါ။ ကစားသမား တဦးချင်းရဲ့ စာချုပ်တွေမှာ ချုပ်ဆိုထားတဲ့ သဘောတူညီချက်တွေအရ ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် တဦးကို ပေါင်တသိန်းကနေ ငါးသိန်းအထိ ဆုကြေးရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားအားလုံး စုပေါင်းလိုက်မယ်ဆိုရင် ဆုကြေး ပေါင် ၁၀ သန်းအထိ ရရှိနိုင်တာပါ။ အာဆင်နယ်အသင်းဟာ ၁၉၉၄ ခုနှစ်မှာ ယူအီးအက်ဖ်အေ Cup Winner Cup ချန်ပီယံဆု ဖလား ရယူနိုင်ခဲ့ပြီးနောက် ဥရောပဆုဖလားတွေနဲ့ ဝေးကွာနေပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာမှာပဲ ရပ်တည်ခဲ့တဲ့အတွက် ယူရိုပါလိဂ်ဆုဖလား ရယူနိုင်မှ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်မှာဖြစ်ပါတယ်။
2 years Ago
More News
Up