ယူရို အုပ်စုအဖွင့်ပွဲတွင် နိုင်ပွဲရသည့် ဟန်ဂေရီ

June 15, 2016

ယူရို အုပ်စုအဖွင့်ပွဲတွင် နိုင်ပွဲရသည့် ဟန်ဂေရီ (ရုပ်သံဟိုက်လိုက်)

ဇွန် ၁၄ ရက်က ကစားသွားတဲ့ ယူရို ၂၀၁၆ အုပ်စု အက်ဖ် ပွဲစဉ်မှာတော့ ဟန်ဂေရီက သြစတြီးယားအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။ ပထမပိုင်းမှာ သြစတြီးယားအသင်း ဖိကစားပြီး ဂိုးသွင်းဖို့ အခွင့်အရေး ရရှိခဲ့သလို ပွဲစပြီး ၂၈ စက္ကန့်မှာ သြစတြီးယားက ဒေးဗစ် အယ်လ်ဘာရဲ့ ကန်သွင်းချက် တိုင်ထိထွက်သွားခဲ့ပါတယ်။ ပထမပိုင်းမှာတော့ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်လို့ ဂိုးမရှိ သရေကျသွားပါတယ်။ ဒုတိယပိုင်း ၆၂ မိနစ်မှာတော့ ဟန်ဂေရီအသင်းက အဖွင့်ဂိုး စတင်သွင်းယူပြီး ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ဒုတိယပိုင်း ၆၆ မိနစ်မှာတော့ သြစတြီးယားက ဒရာဂိုဗစ် ၂ ၀ါ တနီနဲ့ အထုတ်ခံရလို့ တယောက်လျော့နဲ့ ကစားခဲ့ရပါတယ်။ ဒီနောက် ၈၇ မိနစ်မှာ ဟန်ဂေရီက ဒုတိယဂိုး ထပ်မံသွင်းယူသွားလို့ ၂ ဂိုး ဂိုးမရှိနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။ ဒီပွဲမှာ ၂ သင်း ဘောလုံးပိုင်ဆိုင်မှု ကွာဟချက် သိပ်မရှိသလို ဂိုးပေါက်ကန်သွင်းခွင့်ကလည်း အတူတူ ရရှိခဲ့ပါတယ်။
5 years Ago
Up