ယူရို ၂၀၂၀

March 19, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲ တနှစ်ရွေ့ဆိုင်

ကိုရိုနာဗိုင်းရပ်စ်ရောဂါအန္တရာယ်ကြောင့်  ဇွန်လ ၁၂ ရက်နေ့မှာ စတင်မယ့် ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲကို ၂၀၂၁ မတိုင်ခင်အထိ တနှစ် ရွေ့ဆိုင်းလိုက်ပါတယ်။  အခုဆုံးဖြတ်ချက်ကို ဥရောပဘောလုံးအဖွဲ့ချုပ်က အရေးပေါ် ဗွီဒီယိုကွန်ဖရန့်ခေါ်ယူပြီး ဆုံးဖြတ်လိုက်တာပါ။  တနှစ် ရွေ့ဆိုင်းလိုက်တာကြောင့် လာမယ့်နှစ် ဇွန် ၁၁ ရက်က စတင်ပြီး ဇူလိုင် ၁၁ ရက်မှာ ပြီးဆုံးမှာပါ။  အလားတူ Nation League ပြိုင်ပွဲတွေနဲ့ အသက် ၂၁ နှစ်အောက် ဘောလုံးပြိုင်ပွဲတွေကို လည်း လာမယ့်နှစ်မှာ ကျင်းပဖို့ ရွေ့ဆိုင်းလိုက်ပါတယ်။ 
1 year Ago

March 17, 2020

ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲ ရွှေ့ဆိုင်းပေးရန် အီတလီ တောင်းဆို

ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲတွေကို ရွှေ့ဆိုင်းပေးဖို့ အီတလီဘောလုံးအဖွဲ့ချုပ်က တောင်းဆိုလိုက်ပါတယ်။  အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် စီးရီးအေပွဲစဉ်တွေကို ဧပြီလ ၃ ရက်နေ့အထိ ရွှေ့ဆိုင်းထားပါတယ်။  ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲတွေကို လာမယ့် ဇွန် ၁၂ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်ကတော့ အဖွဲ့ဝင် ၅၅ နိုင်ငံက ကိုယ်စားလှယ်တွေကို ဒီကနေ့မှာ အွန်လိုင်းကနေ ဗွီဒီယို ကွန်ဖရင့်လုပ်ပြီး ပြိုင်ပွဲကျင်းပရေးအတွက် ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဥပရောတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေတာကြောင့် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်၊ ပရီးမီးယားလိဂ်၊ စပိန်လာလီဂါနဲ့ စတဲ့ လိဂ်ပွဲစဉ်တွေကို ရပ်နားထားရပါတယ်။
1 year Ago
More News
Up