ယူနိုက်တက်အသင်

December 6, 2020

ယူနိုက်တက်အသင်း၏ ချေပဂိုးကို လုံးဝခွင့်မပြုသင့်ဟု မိုယက်ပေါက်ကွဲ (ရုပ်သံဟိုက်လိုက်)

စနေနေ့ပွဲမှာ မန်ချက်စတာယူနိုက်တက်အသင်း ရရှိသွားတဲ့ ချေပဂိုးကို လုံးဝခွင့်မပြုသင့်ဘူးလို့ ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယက်က ပြောပါတယ်။  ဒီပွဲမှာမိုယက်ရဲ့ ဝက်စ်ဟမ်းအသင်းဟာ သောမတ်စ်ဆိုဆတ် ရဲ့သွင်းဂိုးနဲ့ ပထမပိုင်းမှာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်ဒုတိယပိုင်းမှာတော့ ပေါ့ဘာက ဧရိယာပြင်ပကနေ ကန်ချက်နဲ့ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။  ဒါပေမယ့် ဒီဂိုးကို VAR နဲ့ပြန်လည်စစ်ဆေးခဲ့ရပါတယ်။ ပေါ့ဘာ ဂိုးမသွင်းခင် ယူနိုက်တက်ဂိုးသမား ဟန်ဒါဆန်ကန်တင်လိုက်တဲ့ ဘောလုံးဟာ ကွင်းဘေးစည်းကို ကျော်သွားခဲ့ ပုံရပြီး VAR နဲ့ပြန်လည်စစ်ဆေးမှုပြီးမှာတော့ ဒိုင်ကဒီဂိုးကို ခွင့်ပြုပေးခဲ့ပါတယ်။  ချေပဂိုးရရှိပြီးတော့ ယူနိုက်တက်အသင်းဘက်က ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်တို့က အနိုင်ဂိုးတွေ ထပ်မံသွင်းယူခဲ့ပြီးပွဲအပြီးမှာ ယူနိုက်တက်အသင်းဟာ ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။  ဒီပွဲမှာ အိမ်ရှင်ဝက်စ်ဟမ်းအသင်းဟာ ပေါ့ဘာရဲ့ချေပဂိုးကို ခွင့်မပြုရခင် ဦးဆောင်ဂိုးထပ်မံရရှိမယ့် အခွင့်အရေးတွေ ရှိခဲ့ပေမယ့် ပေါ့ဘာရဲ့ချေပ ဂိုးကို ခွင့်ပြုပေးလိုက်ရပြီးချိန်မှာတော့ ယူနိုက်တက်အသင်းရဲ့ဖိအားပေးမှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  “ကျနော်တို့ ဒီညပွဲမှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ရှုံးနိမ့်ခဲ့ရတဲ့တစ်ခုတည်းသော အ ကြေင်းပြချက်ကတော့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပါတယ်။ ဘောလုံးဟာ ဘေးစည်းကိုကျော်ပြီး ကျနော့်ခေါင်းပေါ်ကနေ ဖြတ်သွားခဲ့တာပါ။ ဒီအခြေနေကို ကျနော်ရှိနေတဲ့နေရာကနေ ကျနော့်ထက်ပိုပြီး  ကောင်းကောင်းမြင်နိုင်တဲ့လူ မရှိပါဘူး၊ စည်းကြပ်ဒိုင်ကတော့ ဒါကိုသူမမြင်ဘူးလို့ ပြောပါတယ်။ ဒါဟာ တကယ့်ကို အသုံးမကျတဲ့ ဆုံးဖြတ်ချက်ပါ။ ဘောလုံးဟာ ဘေးထွက်ဘောဖြစ်သွားပါတယ်။ ကစားသမားတွေရဲ့ အမူအယာကိုကြည့်ရင် ဒါကို သိနိုင်ပါတယ်။ ကစားသမားတိုင်းကလည်း ဒါကိုဘေးထွက်ဘောလို့ မှတ်ယူခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဂိုးကို ခွင့်ပြုပေးလိုက်ရပါတယ်။ ဒါဟာ တကယ်ကို ဆိုးရွားတဲ့ခံစားချက်ပါ။ ကျနော်တို့ ပရိသတ်တွေကို မိနစ် ၆၀ အထိ စွမ်း  ဆောင်ရည်ကောင်းပြသနိုင်ခဲ့ပေမယ့် ရလဒ်မကောင်းခဲ့တာအတွက်တော့ စိတ်ပျက်မိပါတယ်။ ကျနော်တို့ စည်းကြပ်ဒိုင်ချမှတ်ခဲ့တဲ့ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်ကြောင့် တော်တော်လေး တုန်လှုပ်ခဲ့ရပါတယ်” လို့ မိုယတ်က  ပြောပါတယ်။
5 months Ago

November 7, 2020

ယူနိုက်တက်အသင်း အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင် လုပ်နိုင်ဟု ဆိုးလ်ရှားပြော

ရလဒ်တွေဆိုးရွားခဲ့ပေမဲ့ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ သူဟာ အသင်းကို အောင်မြင်မှုလမ်းကြောင်းပေါ်  ဦးဆောင်နိုင်မယ့်သူအဖြစ် သူ့ကိုယ်သူ ယူဆထားပါတယ်။ အာဆင်နယ်၊ အစ္စတန်ဘူလ်အသင်းတို့ကို ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့အပြီးမှာတော့ ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းမှာ ကာလရှည်ဆက်ရှိရေး အခြေအနေဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။  ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ အနိုင်ရရှိထားပြီး အဆင့် ၁၅ နေရာမှာ ရှိနေပါတယ်။  အသင်းဟာ နိုဝင်ဘာ ၇ ရက် (စနေနေ့) မှာ အဲဗာတန်နဲ့ အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဖိအားတွေ မြင့်တက်နေပေမဲ့ ဆိုးလ်ရှားကတော့ သူ့ကိုယ်သူ ယုံကြည်မှု ရှိနေပါတယ်။ “ကျနော်သာ ကိုယ့်ယုံကြည်ချက်၊ တန်ဖိုး၊ ဝန်ထမ်းတွေနဲ့ ကစားသမားတွေရဲ့ အရည်အသွေးကို ယုံကြည်မှုမရှိရင် ဘယ်သူက ယုံတော့မှာလဲ။ တစ်ပွဲ၊ နှစ်ပွဲလောက် ရလဒ်မကောင်းတာနဲ့ လဲပြိုသွားမယ့်လူ မဟုတ်ပါဘူး။ ကျနော်တို့ ရလဒ်မကောင်းခဲ့ပါဘူး။ အာဆင်နယ်၊ ချဲလ်ဆီးတို့ကို ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ပီအက်စ်ဂျီ၊ လိုက်ပစ်ဇ်တို့ကို အနိုင်ရခဲ့တာလည်း မကြာသေးပါဘူး။ ကျနော်တို့မှာ ဒီလိုယုံကြည်မှုမျိုး ရှိရပါမယ်။ အသင်းမှာလည်း အပြုသဘောဆောင်တဲ့အရာတွေ ရှိနေပြီး သူတို့ရဲ့ သွင်ပြင်လက္ခဏာနဲ့ ခိုင်မာတဲ့ ခေါင်းဆောင်မှုကိုလည်း ပြသခဲ့ပြီး ဖြစ်ပါတယ်။ အခု စနေနေ့ အဲဗာတန်နဲ့ပွဲအတွက် အာရုံစိုက်ထားပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။ ယူနိုက်တက်အသင်းဟာ ရလဒ်တွေဆိုးရွားနေပေမယ့် ဆိုးလ်ရှားအနေနဲ့ အခုချိန်ထိ သူ့ ရာထူးနဲ့ပတ်သက်တဲ့ ခြိမ်းခြောက်မှုမျိုး မကြုံတွေ့ရသေးဘူးလို့ ယူဆရပါတယ်။ နည်းပြကိုယ်တိုင်ကလည်း သူဟာ အသင်းဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ရရှိနေဆဲပဲလို့ ပြောပါတယ်။ “ကျနော်နဲ့ အသင်းတာဝန်ရှိသူတွေကြား ပွင့်လင်းပြီး ရိုးသားကောင်းမွန်တဲ့ ဆွေးနွေးမှုမျိုး အမြဲတမ်းရှိပါတယ်။ သူတို့ဟာ အသင်းကို ကျနော် ရောက်ရှိချိန်ကတည်းက ခိုင်မာတဲ့ ဦးဆောင်မှုကို ပြသထားခဲ့တာ ဖြစ်ပါတယ်။ ကျနော် ယူနိုက်တက်အသင်းနည်းပြ ဖြစ်လာပြီး ဆိုးတာတွေနဲ့ ကောင်းတွေကို ရင်ဆိုင်ဖို့ လေ့လာခဲ့ပြီးဖြစ်ပါတယ်။ ခင်ဗျားအနေနဲ့ စိတ်ဓာတ်ခိုင်မာဖို့လိုပါတယ်။ ယူနိုက်တက်အသင်းဟာ ကမ္ဘာ့အကြီးမားဆုံး၊ အကောင်းဆုံးဖြစ်တာကြောင့် ကစားသမားတွေ၊ နည်းပြတွေနဲ့ မန်နေဂျာတွေအတွက် တောင်းဆိုမှုတွေ၊ မျှော်လင့်ချက်တွေ ရှိနေပါတယ်။ ဒါ့ကြောင့် ဝေဖန်မှုတွေဟာလည်း ရှိနေပါတယ်” လို့ ဆိုးလ်ရှားက ပြောပါတယ်။
6 months Ago
More News
Up