ယူကေမှတင်သွင်

December 11, 2020

ယူကေမှတင်သွင်းသည့် မြေတူးစက်အတွင်း ဒေါ်လာ သန်း ၆၀ တန်ဖိုးရှိ စိတ်ကြွဆေးများ တွေ့ရှိ

ယူကေက တင်သွင်းလာတဲ့ မြေတူးစက်တစ်ခုအတွင်း လျှို့ဝှက်သယ်လာတဲ့  စိတ်ကြွဆေး တန်ဝက်နီးပါး တွေ့ရှိပြီး လူ ၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သြစတြေးလျအာဏာပိုင်တွေက ဒီဇင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။  ယူကေရဲ့ ဆောက်သမ်တန်ဆိပ်ကမ်းကနေ သြစတြေးလျ ဘရစ္စဘိန်းဆိပ်ကမ်းဆီ တင်သွင်းလာတဲ့ သင်္ဘောပို့ကုန်တွေကို သြစတြေးလျနယ်စပ်တပ်ဖွဲ့က ထောက်လှမ်းသိရှိပြီးနောက် မတ်လမှာ စုံစမ်းရေးစတင်ခဲ့တာပါ။  ဒီစုံစမ်းရေးကနေ အလေးချိန် ၉၉၂ ပေါင်ရှိပြိး စိတ်ကြွဆေးလို့ လူသိများတဲ့ MDMA  ပလက်စတစ်အိတ်ပေါင်း  ၂၂၆  အိတ်ကို ရှာဖွေတွေ့ရှိခဲ့တာပါ။  တွေ့ရှိခဲ့တဲ့ စိတ်ကြွဈေးတွေရဲ့  ကာလပေါက်ဈေးဟာ ဒေါ်လာ သန်း ၆၀ ခန့် ရှိတယ်လို့ သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့ (AFP)က ခန့်မှန်းပါတယ်။  စုံစမ်းရေးနဲ့ပတ်သက်ပြီး ဆစ်ဒနီနဲ့ လန်ဒန်မှာ လူ ၅ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။ 
6 months Ago
Up