ယာဉ်ထိန်းရဲကို ဓားဖြင့်ထိုးသတ်

September 24, 2015

မန္တလေးတွင် ယာဉ်ထိန်းရဲကို ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွား

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် နန်းရှေ ၁၉ x ၆၆ လမ်းထောင့်မှာ မနက် ၁၀ နာရီက ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဆောင်ရွက်နေတဲ့ ယာဉ်ထိန်းရဲတပ်သားတဦး ဓားနဲ့ ထိုးသတ်ခံခဲ့ရပါတယ်။ ယာဉ်ထိန်းရဲတပ်သားကျော်ဇင်ဦးဟာ ယာဉ်စည်းကမ်းနှင့် ကိုက်ညီမှုမရှိတဲ့ လှစိုးထွန်းကို အရေးယူခဲ့တာကြောင့် အရေးယူမှုကိုမကျေနပ်တဲ့ ယာဉ်မောင်း လှစိုးထွန်းက အိမ်ပြန်ပြီး တခေါက်ပြန်လာကာ ယာဉ်ထိန်းရဲတပ်သား ကျော်ဇင်ဦးကို ဓားဖြင့်ထိုးခဲ့ပါတယ်။ ဓားနဲ့အထိုးခံရတဲ့ ယာဉ်ထိန်းရဲတပ်သားကို ဆေးရုံသို့ပို့ဆောင်ရာမှာ မနက် ၁၀ နာရီ မိနစ် ၂၀ အချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဓာတ်ပုံ - အိမ်ခိုင်မြဲ    
6 years Ago
Up