ယာဉ်တစီး တိမ်းမှောက်

September 29, 2017

အမြန်လမ်းမကြီးတွင် ယာဉ်တစီး တိမ်းမှောက်

ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၆ မိုင်အနီးမှာ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းက ယာဉ်တစ်စီး ရှေ့ဘီးပေါက်ရာမှ အရှိန်မထိန်းနိုင်ဘဲ လမ်းမအလယ်မှာ တိမ်းမှောက်သွားခဲ့တယ်လို့ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲတပ်ဖွဲစခန်းမှ သိရပါတယ်။ ဖြစ်စဉ်မှာ ဒိုက်ဦးမြို့နယ် အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းအပိုင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၆၆ /၆ နှင့် ၆၆/၇ ဖာလုံအကြားမှာ ရန်ကုန်ကနေ နေပြည်တော်ကို ယာဉ်မောင်း ဇေယျာထွေး မောင်းနှင်လာတဲ့ CRV အမျိုးအစား ယာဉ်ဟာ ရှေ့ယာဘက်ဘီး ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးကို တိုက်မိပြီး တိမ်းမှောက်သွားခဲ့တာလို့ ဆိုပါတယ်။ အဆိုပါယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းမှာ ၀ဲဂျိုဇောင်းပေါက်ပြဲ၊ ယာတံ တောင်ဆစ်ပေါက်ပြဲ၊ ၀ဲ/ယာ လက်ဖျံပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့လို့ ပဲခူးဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရတယ်လို့ အမြန်လမ်းမကြီးရဲစခန်းစခန်းက ဆိုပါတယ်။ အုတ်ရှစ်ကုန်း အမြန်လမ်းမကြီး ရဲစခန်းက ယာဉ်မောင်း ဇေယျာထွေးကို  ယာဉ်အားမဆင်မခြင် ပေါ့ဆစွာမောင်းနှင်မှု ရာဇသတ်ကြီးပုဒ်မ ၃၃၈ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-ကျော်အောင် (ကညွတ်ကွင်း ) ဓာတ်ပုံ-ရဲတပ်ဖွဲ့
4 years Ago

November 20, 2016

ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် ၁၂ ဘီးယာဉ်တစီး တိမ်းမှောက် (ဓာတ်ပုံ)

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသ စီးမော်ကျေးရွှာအုပ်စု စီပိန်းကျေးရွာအနီး ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်အမှတ်၁၅၇/၇ မှာ ဒီနေ့မနက် ပိုင်းက မြစ်ကြီးနားဘက်ကနေ ရွှေဘိုဘက်ကို ဆီပေပါအခွံတွေ တင်ဆောင်လာတဲ့ ၁၂ ဘီး ယာဉ်တစီး တိမ်းမှောက်ခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ တဦးတယောက်မျှ ထိခိုက်ဒဏ်ရာမရရှိကြောင်း သိရပါတယ်။ ဓာတ်ပုံ - ခင်မောင်ဆွေ (မော်လူး)
4 years Ago
Up