ယာယီစခန်း

September 25, 2021

မက္ကဆီကိုနယ်စပ်တွင် ဟေတီဒုက္ခသည်များတွက် ယာယီစခန်း တည်ဆောက်

မက္ကဆီကို အစိုးရအာဏာပိုင်တွေဟာ ဟေတီကနေ ပြောင်းရွှေ့လာသူတွေအတွက် ရည်ရွယ်ပြီး နယ်စပ်မြို့မှာ ယာယီစခန်းတစ်ခုကို တည်ဆောက်ပေးထားပါတယ်။

ဒါဟာ အစိုးရ လူ့အခွင့်အရေးကော်မရှင်နဲ့ ပြောင်းရွှေ့အခြေချသူတွေအရေး ဆောင်ရွက်တဲ့ အိုင်အန်အမ် အင်စတီကျူတို့ ပူးပေါင်းအစီအစဉ် ဖြစ်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်က တောင်းဆိုတဲ့အတိုင်း အစားအသောက်တွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အကာအကွယ် ရရှိအောင်၊ သိက္ခာရှိရှိ လုံလုံခြုံခြုံ နေနိုင်အောင် ဆောင်ရွက်နေတယ်လို့ စီယူဒတ် အကူညာမြို့ မြူနီစပယ်ရဲ့အတွင်းရေးမှူး ဖိလစ်ဘာစာတိုက ပြောပါတယ်။

တချို့ ပြောင်းရွှေ့ အခြေချသူတွေ ခိုလှုံစခန်းကို ပြောင်းရွှေ့နေထိုင်ဖို့ ဆန္ဒရှိနေကြပေမဲ့ တချို့က ရီယိုဂရန်ဒီ မြစ်ကမ်းဘေးက ပန်းခြံနားမှာပဲ ဆက်နေချင်ကြတယ်လို့ ပြောပါတယ်။ ဒီလထဲမှာ ဟေတီက ဒုက္ခသည် ၁၄၀၀၀ ဟာ ရီယိုဂရန်ဒီမြစ်ရဲ့ မြောက်ဘက်မှာ  စခန်းချနေကြပါတယ်။

သူတို့ရဲ့ ဦးတည်ရာက အမေရိကန်ပြည်ထောင်စုဆိုပေမဲ့ အမေရိကန်ဘက်က ဟေတီ ဒုက္ခသည်တွေကို လေယာဉ်စင်းလုံးနဲ့ ဟေတီ ပြန်ပို့နေတာကြောင့် သူတို့ဟာ မက္ကဆီကို တပ်ဆုတ်လာကြတာ ဖြစ်ပါတယ်။

2 months Ago

July 24, 2020

ဘီဟာနှင့်အာသံပြည်နယ်တွင်  ရေကြီးပြီး လူ ၁ သန်း ယာယီစခန်းသို့ ရောက်ရှိ

အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်နဲ့အရှေ့မြောက်ပိုင်း အာသံပြည်နယ်တွေမှာ မုတ်သုန်မိုး ပြင်းထန်စွာ ရွာသွန်းမှုကြောင့်  ရေကြီးပြီး လူ ၁ သန်းကျော် ယာယီစခန်းတွေမှာ နေထိုင်နေရပါတယ်။  ဒါဟာ ကိုဗစ်-၁၉ ကပ်ဘေးကြုံနေပေမဲ့ လူတွေစုဝေးနေထိုင်နေရခြင်းပါ။ ဇူလိုင်လ ၂၂ရက်မှာတော့ ဝေးလံခေါင်ဖျားဒေသက ကျေးရွာတွေဆီမှာ ပိတ်မိနေတဲ့သူ တွေဆီကို ကယ်ဆယ်ရေးသမားတွေက လှေတွေနဲ့သွားရောက် ကယ်ဆယ်နေရပြီး အိမ်တော်တော် များများ လည်း ရေအောက်နစ်မြုပ်နေပါတယ်။  ရေကြီးမှုတွေကြောင့် အာသံပြည်နယ်မှာ လူ ၈၇ ဦးထက်မနည်း သေဆုံးခဲ့တဲ့အပြင် လူ ပေါင်း ၂ ဒဿမ ၇၅ သန်းကိုလည်း မေလကစလို့ နေရာရွှေ့ပြောင်း  ပေးနေရတာပါ ။  ရေကြီးမှုကြောင့် ကမ္ဘာ့အကြီးဆုံး ကြံ့ဥယျာဉ်ဖြစ်တဲ့ ကာဇီရန်ဂါ အမျိုးသားဥယျာဉ်မှာ လည်း ဇူလိုင်လ ၁၄ ရက်က ကြံ့ပေါက်လေး တကောင်ကို ကယ်တင်ပြီး ဥယျာဉ်မှာရှိတဲ့ ပြန်လည်ထူထောင်ရေးစခန်းမှာ ကုသပေးနေရတယ်လို့ သိရပါတယ်။  မုတ်သုံမိုးဟာ အိန္ဒိယစိုက်ပျိုးရေးရဲ့အသက်သွေးကြောဖြစ်ပေမယ့်ဒီနှစ်တော့ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ကပ်ဘေးကို ရင်ဆိုင်နေရတဲ့ အိန္ဒိယဟာ ရေဘေးကိုပါ ထပ်ဆင့်ရင်ဆိုင်နေရ ပါတယ်။  ဇူလိုင်  ၂၃ရက် မွန်းလွဲ ၂နာရီထိ အတည်ပြုချက်အရ ကိုဗစ်-၁၉ ကူးစက်ခံ လူနာ ၁ ဒသမ ၂၄သန်းကျော်ရှိနေပြီး  သေဆုံးသူ ၃၀၀၀၀ လောက် ရှိနေပါတယ်။
1 year Ago
Up