ယာဉ်တိမ်းမှောက်မှု

January 31, 2021

ကျိုင်းတုံတွင် ယာဉ်တိမ်းမှောက်မှုကြောင့် တွဲဖက်ပါမောက္ခ ၃ ဦးသေဆုံး၊ ၆ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-မိုင်းတုံ-မိုင်းဆက် လမ်းပေါ်မှာ ဒီကနေ့ မွန်းတည့် ၁၂ နာရီ‌လောက်က  အိမ်စီးကားတစ်စီး တိမ်းမှောက်ခဲ့တာကြောင့် တွဲဖက်ပါ‌မောက္ခသုံးဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

စိုင်းယီကျောက်က မောင်းနှင်ပြီး ကျိုင်းတုံတက္ကသိုလ်က ပါမောက္ခတွေနဲ့ ဌာနမှူးအချို့အပါအဝင် စုစုပေါင်း ၁၀ ဦး လိုက်ပါလာတဲ့ အိမ်စီးယာဉ်ဟာ မိုင်းခွန်းကုန်းဆင်းနေရာမှာ  ဘရိတ်ပေါက်ကာ အရှိန်လွန်တိမ်းမှောက်ခဲ့တာလို့ ကျိုင်းတုံခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှရဲအရာရှိတစ်ဦးက ပြောပြပါတယ်။ 

အခင်းဖြစ်နေရာမှာ ကူညီပေးခဲ့တဲ့ ကြက်ခြေနီတပ်ဖွဲ့ တာဝန်ရှိသူ   တဦးက “ကားကကုန်းအဆင်းဆိုတော့ အရှိန်လွန်တိမ်းမှောက်တဲ့သဘောပါ။ ကနေ့မနက်က ၁၉ မိုင်လို့ခေါ်တဲ့ နေရာမှာ ခုခေတ်စကားနဲ့ဆို တိမ်ပင်လယ်သွားကြည့်ပြီး ပြန်လာသူတွေပါ။ ကျိုင်းတုံတက္ကသိုလ်က ပါမောက္ခတွေ ဌာနမှူးတွေပါ” လို့ ပြောပါတယ်။

အမှုနဲ့ပတ်သက်လို့ ယာဉ်မောင်း စိုင်းယီကျောက်ကို ကျိုင်းတုံမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲစခန်းက သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ်က ဒီနေ့ည ဝမ်းနည်းကြောင်းထုတ်ပြန်ချက်အရ သေဆုံးသူတွေဟာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခသတ္တဗေဒဌာနက ပါမောက္ခ ၁ ယောက်နဲ့ တွဲဖက်ပါမောက္ခ ၂ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ရဲထွဋ်၊ ဓာတ်ပုံ-ရန်နိုင်(သီလဝ)

5 months Ago

January 2, 2021

မိတ္ထီလာတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦး သေဆုံး၊ ၅ ဦးဒဏ်ရာရ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း မိုင်တိုင်အမှတ် ၀/၁ နဲ့ ၀/၂ အကြား  အ.ထ.က (၁) ကျောင်းဆိုင်းဘုတ်အနီးမှာ ဇန်နဝါရီ ၁ ရက်နေ့ ၀၁း၂၀ အချိန်က ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မိတ္ထီလာမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက် ဆောင်ရွက်ခဲ့ပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား ၇ ဦးအနက် ၂ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၅ ဦး (မစိုးရိမ်ရ) တို့အား မျိုးဆက်သစ်မြတ်ပါရမီ လူမှုကူညီရေးအသင်းက သူနာတင်ယာဉ်နဲ့ မိတ္ထီလာပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
6 months Ago
More News
Up