ယာဉ်တစီး

November 21, 2020

နေပြည်တော်-မန္တလေးအမြန်လမ်းတွင် ယာဉ်တစီး သစ်ပင်ဝင်တိုက်သဖြင့် ၁ ဦးသေဆုံး 

နေပြည်တော်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၄၉/၃) နဲ့ (၂၄၉/၄) ကြားမှာ နိုဝင်ဘာ ၂၀ ရက်နေ့ ညနေ ၃ နာရီလောက်က ယာဉ်တစီး သစ်ပင်ဝင်တိုက်တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  Honda Odyssey အမျိုးအစား(အဖြူရောင်) ယာဉ်ဟာ မောင်းနှင်လာစဉ် နောက်ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ကာရန်ထားတဲ့ ဂတ်စ်ဝေးတန်းအား ဖောက်ထွက်ကာ လမ်းဘေးသစ်ပင်အား ဝင်ရောက်တိုက်မိတာလို့ ဆိုပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားရာကို ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီဆောင်ရွက်ခဲ့ပါတယ်။ ယာဉ်တိုက်မှုကြောင့် ယာဉ်ပေါ် ပါ အမျိုးသား ၂ ဦးအနက် ယာဉ်မောင်း သေဆုံးခဲ့ပြီး ကျန် ၁ ဦးကတော့ ဒဏ်ရာမစိုးရိမ်ရဘဲ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ပိုင်ယာဉ်နဲ့ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
6 months Ago

August 1, 2020

မကွေးမြို့နယ်တွင် ယာဉ်တစီး ဧရာဝတီမြစ်ထဲ ထိုးကျ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ ကျွန်းစုကျေးရွာ၊ မြသလွန်ဘုရားပွဲကျင်းပတဲ့ကွင်းအနီးမှာ ဒီနေ့မနက် ၄ နာရီခွဲလောက်က FORD အမျိုးအစား ယာဉ်တစီး ဧရာဝတီမြစ်ထဲ ထိုးကျခဲ့တယ်လို့ သိရပါတယ်။  ယာဉ်ဟာ မြသလွန်ဘုရားကနေ အဆင်းလမ်းအတိုင်း မောင်းနှင်လာပြီး ခေတ္တရပ်နားစဉ် Hand Brake မဆွဲမိတာကြောင့် လမ်းဝဲဘက် တာရိုးပေါ်မှတဆင့် ဧရာဝတီမြစ်အတွင်း ရေအနက် ၁၀ ပေလောက်ကို ထိုးကျသွားတာလို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ မကွေးတိုင်း မီးသတ်တပ်ဖွဲ့ဝင်တွေက ရှာဖွေကယ်ဆယ်ရေးယာဉ်တွေနဲ့ သွားရောက်ပြီး မြစ်ထဲ ထိုးကျသွားတဲ့ ယာဉ်ကို Heavy Lifting and Rescue Vehicle ယာဉ်ပါ ကရိန်းနဲ့ ဘေးလွတ်ကင်းရာ လမ်းပေါ်ကို ကူညီဆွဲတင်ပေးခဲ့ပါတယ်။ ဖြစ်စဉ်ကြောင့် လူနဲ့ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရ သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။
9 months Ago
More News
Up