ယင်းမာပင်မြို့နယ်

October 15, 2021

ယင်းမာပင်မြို့နယ် ​အောင်မိုး​ကျေးရွာကို စစ်တပ်ကဝင်စီး၊ ရွာသား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကန်​ချောင်အုပ်စု၊ အောင်မိုး​ကျေးရွာကို ​အောက်တိုဘာ ၁၄ ရက် ညပိုင်းက စစ်​ကောင်စီတပ်​ဖွဲ့ဟာ ​သေနတ်ပစ်​ဖောက်ဝင်လာပြီး ​ဒေသခံပြည်သူ ၁၀ ဦး ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မနေ့ညပိုင်း ၈ နာရီ​ကျော်က စစ်​ကောင်စီတပ်အင်အား ၃၀ ဝန်းကျင်​လောက်ဟာ ​​သေနတ်တွေ ပစ်​ဖောက်ပြီး ဝင်လာတာ​ကြောင့် ​ဒေသခံပြည်သူ​တွေ ​ကြောက်လန့်တကြီး ထွက်​ပြေးကြရာက​နေ ရွာသား ၁၀ ထက်မနည်း ဖမ်းဆီးခံလိုက်ရတယ်လို့ ​ဒေသခံတစ်ဦးက ​ပြောပါတယ်။ 

စစ်​ကောင်စီတပ်​တွေဟာ ​ကျေးရွာအတွင်းက အိမ်တစ်အိမ်မှာ PDF ​တွေရှိတယ်ဆိုပြီး သတင်း​ပေးမှု​ကြောင့် ဝင်လာတာလို့သိရပါတယ်။

ရိုက်နှက်ဖမ်ဆီးခံခဲ့ရတဲ့ ရွာသားတွေကို လတ်တလော  ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ရွာသားတွေက ဆိုပါတယ်။

​အောင်မိုး​ကျေးရွာဟာ စစ်မှုထမ်း​ဟောင်းအများစု​နေထိုင်တဲ့ ​အောင်​ဇေယျမြို့သစ်ရပ်ကွက် အနားမှာရှိပြီး  ဒီက​နေ့ အောက်တိုဘာ ၁၅ ရက်မှာလည်း စစ်​ကောင်စီတပ်​တွေ ထပ်မံလာရောက်မယ်ဆိုတဲ့သတင်း​ကြောင့် ​ဒေသခံပြည်သူ​တွေ ​နေအိမ်​တွေမှာမ​နေရဲဘဲ ထွက်​ပြေး​နေကြရတယ်လို့ သိရပါတယ်။

1 day Ago

September 13, 2021

ယင်းမာပင်မြို့နယ်က စစ်တပ်ပိုင် Mytel တာဝါတိုင်​ ၁ တိုင်ထပ်မံ မိုင်းခွဲ ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းမှာ စစ်တပ်ပိုင်  Mytel တိုင်ဝါတိုင်​ ၁  တိုင်  စက်တင်ဘာ ၁၂ ရက် ညပိုင်းက ထပ်မံ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

မနေ့ည ၁၀ နာရီလောက်မှာ တမာပင်ခွ​ကျေးရွာအနီးက Mytel တာဝါတိုင် မိုးခွဲဖျက်ဆီးခံရတာ ဖြစ်ပြီး  မိုင်းမခွဲခင်က တာဝါတိုင်စက်ကို သံတူတွေနဲ့  အရင်ရိုက်ခွဲခဲ့ကာ အဲဒီ​နောက် မိုင်းခွဲဖျက်ဆီးလိုက်တာလို့ အမည်မ​ဖော်လိုသူ တစ်ဦးက ​ပြောပါတယ်။

စက်တင်ဘာလအတွင်းမှာ နိုင်ငံတဝန်း  ဖောက်ခွဲ၊ ဖျက်စီး၊ မီးရှို့ခံရတဲ့ Mytel တာဝါတိုင်​တွေ ၆၀ ကျော်ရှိသွားပြီဖြစ်ပြီး ယင်းမာပင်ခရိုင်အတွင်းက ပုလဲမြို့နယ် နဲ့ ယင်းမာပင်မြို့နယ်အတွင်းမှာရှိတဲ့ Mytel တာဝါတိုင်​တွေဟာလည်း ​နေ့စဥ်လိုလို မိုင်းခွဲဖျက်ဆီးခံ​နေရတာလည်းဖြစ်ပါတယ်။

Mytel နဲ့ MPT တာဝါတိုင်​တွေကို စစ်​ကောင်စီဘက်က လုံခြုံ​ရေးတိုးမြှင့်​ဆောင်ရွက်ဖို့ ညွှန်ကြားချက်ထွက်​ပေါ်လာခဲ့​ပေမယ့် Mytel တာဝါတိုင်​ဖျက်ဆီးတာ​တွေဟာ ရပ်တန့်မသွားဘဲ ဆက်လက်ဖျက်ဆီးခံ​နေရဆဲ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်​​ကောင်စီ ခေါင်း​ဆောင်ကလည်း တာဝါတိုင်​တွေ မိုင်းခွဲတိုက်ခိုက်ဖျက်ဆီးမယ့်အစား သူ့ရဲ့စစ်​​ကောင်စီတပ်သား​တွေကိုသာ တိုက်ခိုက်ကြဖို့ ​ပြောကြားထားပါတယ်။

1 month Ago
More News
Up