မြေးနှင့်ချွေးမ

July 19, 2020

မင်းသားကြီး အမီတာဘချန်း၏ မြေးနှင့်ချွေးမတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

အိန္ဒိယ ရုပ်ရှင်မင်းသားကြီး အမီတာဘချန်းနဲ့သားဖြစ်သူ အဘီရှက် ဘချမ်းတို့ ကိုဗစ်-၁၉ ကူးစက်ပြီးနောက် အဘီရှက်ရဲ့ဇနီး မင်းသမီး အက်ရှဝါရာရွိုင်းနဲ့ သမီးဖြစ်သူတို့မှာလည်း ပိုးတွေ့လို့ ဆေးရုံတင်ထားရပါတယ်။  မင်းသားကြီး အမီတာဘချမ်းနဲ့ သားဖြစ်သူ အဘီရှက်တို့ဟာ ဒီအပတ်အစောပိုင်းမှာပဲ မွန်ဘိုင်းက နာနာဝတီ  ဆေးရုံမှာ တက်ရောက်ကုသနေပါတယ်။  ဒီအတွင်းမှာပဲ အဘီရှက်ရဲ့ ဇနီးဖြစ်သူ အက်ရှဝါရာရွိင်းနဲ့ ရှစ်နှစ် အရွယ်သမီးဖြစ်သူတို့မှာလည်း ကိုဗစ်-၁၉ ကူးစက်ခံနေရတာ စစ်ဆေးတွေ့ရှိတာပါ။  အရင်က မယ်ကမ္ဘာဟောင်းတဦးဖြစ်သူ အက်ရှဝါရာရွိုင်းနဲ့ သမီးဖြစ်သူတို့ကို အခုတော့ နာနာဝတီဆေးရုံကိုပဲ တင်ထားပေးတယ်လို့ တိုင်းမ်စ်အော့ဖ် အိန္ဒိယသတင်းစာက ရေးပါတယ်။  အိန္ဒိယဟာ ကမ္ဘာမှာ ကိုဗစ်ကူးစက်ခံ အတည်ပြုလူနာ ၁ သန်းကျော်နေပြီး အမေရိကန်နဲ့ ဘရာဇီးပြီးရင် တတိယနေရာမှာ ရှိနေတာလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ လူဦးရေ ထူထပ်တဲ့တချို့ နေရာတွေမှာလည်း လော့ဒေါင်းပြန်ချနေရပါတယ်။ 
11 months Ago
Up