မြောက်ဦးမြို့

January 7, 2021

နယ်မြေငြိမ်းချမ်းလာသဖြင့် မြောက်ဦးမြို့ကို ဘုရားဖူးလာသူ များလာ (ဓာတ်ပုံ) 

ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ အကြား  တိုက်ပွဲတွေရပ်စဲပြီး နယ်မြေအေးချမ်းလာတာကြောင့်  ဒေသတွင်းဘုရားဖူးတွေ မြောက်ဦးမြို့ကို လာရောက်လည်ပတ်နေ ကြပါတယ်။ ဓာတ်ပုံ - ထက်ဝေအောင်
7 months Ago

September 6, 2020

အေအေအဖွဲ့ ခေါ်သွားသည့် မြောက်ဦးမြို့က သံဃာ ၄ ပါး ပြန်လွတ်

အေအေအဖွဲ့က ခေါ်ဆောင်သွားတဲ့ မြောက်ဦးမြို့က သံဃာ ၄ ပါးဟာ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းက ပြန်လွတ်မြောက်လာတယ်လို့ ကာယကံရှင်ဆရာတော်တွေက မိန့်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၁၈ ရက်နေ့က အေအေအဖွဲ့ကနေ ဖမ်ဆီးသွားတဲ့ မြောက်ဦးမြို့ပေါ်က သံဃာ ၄ ပါးကို စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့သူတွေကတော့ မြို့ဦးခေါင်း ဆရာတော် ၁ ပါး၊ ပြင်စျေးကျောင်း ဆရာတော် ၁ ပါး၊ ရဟန်းတပါးနဲ့ ကိုရင် ၁ ပါးတို့ဖြစ်ပြီး သံဃာတော်တွေအားလုံး ပြန်လွတ်လာတယ်လို့ မြို့ဦးခေါင်းဆရာတော်က ဒီဗွီဘီကို မိန့်ပါတယ်။ “မနေ့က လွှတ်ပေးလိုက်တာပါ။ ၁၁ နာရီလောက်မှာ ကျောင်းကိုရောက်ပါတယ်။ သံသယတခုခုနဲ့ ခေါ်ယူစစ်ဆေးတာလို့ ပြောလို့ရတယ်။ ဘာမှမဟုတ်တော့ ပြန်လွှတ်ပေးတာပါ။” ဖမ်းဆီးထားစဉ်မှာ တစုံတရာ နှိပ်စက်ညှဉ်းပန်းတာမျိုး မရှိဘူးလို့ မြို့ဦးခေါင်းဆရာတော်က မိန့်ပါတယ်။
11 months Ago
More News
Up