မြောက်ကိုရီးယား

March 25, 2021

မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် ၂ စင်း ပစ်လွှတ်

မြောက်ကိုရီးယားဟာ သီတင်းပတ်ကုန်က တာတိုပစ်ဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယားတာဝန်ရှိသူတွေက မတ်လ ၂၃ ရက်မှာ  ပြောဆိုပါတယ်။ 

သမ္မတ ဘိုင်ဒင်လက်ထက်  ပထမဆုံးဒုံးကျည် စမ်းသပ်ပစ်ခတ်မှုကို အမေရိကန်အစိုးရက အလေးမထားဘဲ မြောက်ကိုရီးယားအစိုးရနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားဆဲပဲလို့ ပြောဆိုပါတယ်။

မတ်လ ၂၁ ရက်မှာ  မြောက်ကိုရီးယားအနောက်ဘက် ကမ်းရိုးတန်းအလွန်ကနေ  ခရုဇ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီး ယားစစ်ဘက်က ပြောဆိုပါတယ်။ ဒုံးကျည်စမ်းသပ်မယ့် အရိပ်အယောင်တွေကို ကြိုတင်ထောက်လှမ်းသိရှိပြီး  ပစ်လွှတ်နေချိန်မှာ စောင့်ကြည့်ခဲ့တယ်လို့ ပူးတွဲကာကွယ်ရေးဦးစီးက မတ်လ ၂၄- ရက်မှာထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားတာတိုပစ်ဒုံးကျည် စမ်းသပ်တာက ဘာမှ ထူးထူးခြားခြား ပြောင်းလဲမသွားဘူးလို့ သမ္မတ ဘိုင်ဒင်က တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

2 months Ago

January 16, 2021

ရေငုပ်သင်္ဘောမှ ပစ်လွှတ်သည့် ပဲ့ထိန်းဒုံးကျည်သစ်များကို မြောက်ကိုရီးယား ပြသ

မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်သစ်တွေကို ဇန်နဝါရီ ၁၄ ရက် စစ်ရေး ပြအခမ်းအနားမှာ ပြသပါတယ်။ မြို့တော်ပြုံယမ်းက ကင်မ်အီဆွန်းရင်ပြင်မှာ လုပ်တဲ့ စစ်ရေးပြအခမ်းအနားကို ခေါင်းဆောင် ကင်ဂျုံအန်း တက်ရောက်ကြည့်ရှုတဲ့ ရုပ်သံဗွီဒီယိုကို နိုင်ငံပိုင်မီဒီယာက ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်လွှင့်ပါတယ်။     အခမ်းအနားမှာ စစ်သားတွေ ချီတက်တာ၊ တင့်ကားနဲ့ ဒုံးပစ်လောင်ချာတွေ အပါအဝင် စစ်လက်နက်ပစ္စည်းမျိုးစုံကို ပြသခဲ့ပါတယ်။ ဖူကော့ဆောင်-၅ လို့ နာမည်ပေးထားတဲ့ အနက်ရောင် ဒုံးကျည်တွေကို ပြသချိန်မှာတော့ နောက်ခံစကားပြောသူက “ကမ္ဘာ့စွမ်းအားအကြီးဆုံးလက်နက် ရေငုပ်သင်္ဘောကနေ ပစ်လွှတ်တဲ့ ပဲ့ထိန်းဒုံးကျည်တွေ” လို့ ပြောပါတယ်။ မြောက်ကိုရီးယားဟာ ရေငုပ်သင်္ဘောကနေ ပစ်တဲ့ ပဲ့ထိန်းဒုံးကျည် အမြောက်အမြားကို စမ်းသပ်ပစ်ခတ်ထားပြီး အဲဒီဒုံးကျည်တွေကို သယ်ဆောင်ဖို့ စစ်ဆင်ရေးသုံး ရေငုပ်သင်္ဘောကို တီထွင်ဖို့ ကြိုးပမ်းနေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
4 months Ago
More News
Up