မြေငလျင်လှုပ်

June 16, 2021

ကာမိုင်းမြို့အနီး မြေငလျင်လှုပ်

မြန်မာနိုင်ငံပြည်တွင်း ကာမိုင်းမြို့ အနီးမှာ ပြင်းအား  အင်အားရစ်(ခ်)တာစကေး  ၄ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တစ်ခု ဇွန်လ ၁၅ ရက်ညက လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ 

မနေ့ည မြန်မာစံတော်ချိန် ၉ နာရီ ၁၆ မိနစ်ကျော်လောက်မှာ မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် (၄၄) မိုင်ခန့်အကွာ၊ ကာမိုင်းမြို့ မြောက်-အရှေ့မြောက်ဘက် ၁၄ မိုင်ခန့်အကွာ အနက် ၂၀ ကီလိုမီတာကို ဗဟိုပြုပြီး မြေငလျင်တစ်ခု လှုပ်ရှားသွားတာလို့ ဆိုပါတယ်။

2 months Ago

January 17, 2021

တွန်းဇံမြို့ အနောက်မြောက်ဘက်တွင် အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်လှုပ်

ချင်းပြည်နယ် တွန်းဇံမြို့ရဲ့ အနောက်မြောက်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၁၇ ရက်နေ့ မနက် ၃ နာရီ ၁၈ မိနစ် ၁၄ စက္ကန့်အချိန်က တွန်းဇံမြို့ရဲ့ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၂၃ ဒသမ ၆၃ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၆၈ ဒီဂရီ၊ အနက် ၃၁ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ချ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ ဆိုပါတယ်။
7 months Ago
More News
Up