မြဝတီမြို့

July 30, 2021

မြဝတီမြို့တွင် သောင်ရင်းမြစ်ရေကြီးပြီး ၁ ဦး သေဆုံး

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဇူလိုင် ၃၀ ရက်မနက်ပိုင်းက သောင်ရင်းမြစ်ရေလျှံတက်လို့ အမှတ် ၅ ရပ်ကွက်နေထိုင်တဲ့ ပြည်သူ တစ်ယောက် သေဆုံးသွားတယ်လို့ သိရပါတယ်။

သေဆုံးသူဟာ အမှတ် ၅ ရပ်ကွက်၊ သရက်ပင်ဂိတ်အနားမှာ သေဆုံးနေလို့‌ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က  သေဆုံးသူရုပ်အလောင်းရှိနေရာကို သွားရောက်ပြီး ပိုးသတ်ဆေးဖျန်းကာ မြဝတီမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ပို့ဆောင်ခဲ့ပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ဟာ ရေဘေးသင့်သူတချို့ သေဆုံးမှုရှိနေသလို ကိုဗစ်ကူးစက်ပြီး သေဆုံးသူ ဇူလိုင်  ၂၉ ရက် တရက်တည်း ၈ ဦးအထိ ရှိနေပါတယ်။

5 days Ago

July 29, 2021

ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရတဲ့ မြဝတီမြို့ မြင်ကွင်း (ဓာတ်ပုံ)

မြန်မာ-ထိုင်းနယ်စပ်က ကုန်သွယ်မှု အချက်အချာကျတဲ့ ကရင်ပြည်နယ်၊ မြဝတီမြို့မှာ  မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းပြီး သောင်ရင်းမြစ်ရေလျှံတာကြောင့်  မြို့ပေါ်ရပ်ကွက်တွေမှာ ရေကြီးနေပြီး ဒေသခံပြည်သူတွေ ရေဘေးဒုက္ခခံစားနေကြရပါတယ်။

6 days Ago
More News
Up