မြဝတီ

May 1, 2021

မြဝတီမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးတော်လှန်ရေး ပိုစတာကမ်ပိန်း ပြုလုပ်

မေလ ၁ ရက် မနက်ပိုင်းက ကရင်ပြည်နယ်၊ ​မြဝတီမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေးတော်လှန်ရေး ပိုစတာကမ်ပိန်း ဆန္ဒပြလှုပ်ရှားမှုကို လူငယ်တွေစုပေါင်း ပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာရှင် အကြမ်းဖက်စစ်ကောင်စီရဲ့တပ်နဲ့ရဲတွေက အင်အားသုံးအကြမ်းဖက် လိုက်လံဖမ်းဆီးနေတဲ့ကြားက ပြောက်ကျားစနစ်ပြုလုပ်ပြီး စစ်အာဏာရှင်​ကို ဆန့်ကျင်တော်လှန်တဲ့ စာတမ်းပိုစတာကမ်ပိန်းဆန္ဒပြပွဲကို လူငယ်တွေစုပေါင်းပြီး ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာပါ။

Photo-CJ

2 weeks Ago

April 25, 2021

မြဝတီမြို့၌ CDM ပါဝင်သည့် အလယ်တန်းကျောင်းအုပ် ၁ ဦး ဖမ်းဆီးခံရ

ကရင်ပြည်နယ် မြဝတီမြို့မှာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာပါဝင်တဲ့ အခြေခံပညာ အလယ်တန်းကျောင်းအုပ် ဆရာမတစ်ဦးကို  ရဲနဲ့ စစ်တပ်က ဧပြီ ၂၃ ရက် ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။

မြဝတီမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ထီးကော်ထော်)  ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးဝင်းထိုက်ဟာ အမှတ် ၄ ရပ်ကွက် ကံ့ကော်တစ်ထောင်ဘုရား အနီးက ဘုန်းကြီးကျောင်းမှာ တိမ်းရှောင်တည်းခိုနေစဉ်မှာ ရဲနဲ့ စစ်တပ်က ကားနဲ့ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာပါ။

ကရင်ပြည်နယ်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ၊ စစ်အာဏာရှင်ဆန့်ကျင် တော်လှန်ရေးဆန္ဒပြပွဲတွေမှာပါဝင်တဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို စစ်ကောင်စီတပ်နဲ့ရဲတွေက လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။

3 weeks Ago
More News
Up