မြန်မာ့စီးပွားရေးဘဏ်

December 6, 2021

မုံရွာ မြန်မာ့စီးပွားရေးဘဏ်စောင့် ရဲကင်းဂိတ် ပစ်ခတ်ခံရပြီး ရဲတပ်သား ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့်ရဲကင်း ဒီဇင်ဘာ ၅ ရက် ညနေပိုင်းမှာ ပစ်ခတ်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် တယောက် သေဆုံးသွားပါတယ်။

မျက်မြင်ဒေသခံတယောက်က  "အခု ညနေ ၅ နာရီလောက် လူငယ်နှစ်ယောက်လာပြီး မြန်မာ့စီးပွားရေးဘဏ်မှာ လုံခြုံရေးယူထားတဲ့ ရဲကင်းကိုသေနတ်နဲ့ တရစပ်ပစ်သွားတာ၊ ရဲတယောက်သေတယ်၊ ကားပေါ်တင်သွားတာတွေ့တယ်၊ လိုက်တော့ပစ်တယ်၊ ပစ်တဲ့ကောင်လေးတွေ ဘေးကင်းတယ်" လို့ ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် မုံရွာစီးပွားရေးဘဏ်စောင့် ရဲတပ်သား သေဆုံးခဲ့ပြီး  ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ရန်ကုန်မှာ ဆန္ဒပြလူငယ်တွေကို  စစ်ကောင်စီတပ်က ကားနဲ့ဝင်တိုက်၊  ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးဒဏ်ရာရခဲ့တဲ့အပေါ် လက်တုံ့ပြန်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ မြန်မာ့စီးပွားရေးဘဏ်ရှေ့မြင်ကွင်း

2 months Ago

November 21, 2021

နေပြည်တော်၊ တပ်ကုန်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဗုံးပေါက်

နေပြည်တော်၊ တပ်ကုန်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ဗုံး ၁ လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ဒေသခံတဦးက ''ရုံးရှေ့က စစ်သားတွေနေတဲ့ဂိတ်မှာ ပေါက်တယ်လို့ပြောတယ်ဗျ။ စစ်ကားတွေရောက်လာပြီး အစစ်အဆေးလုပ်နေတာတော့မြင်တယ်။ ထိခိုက်မှုတော့မသိရဘူး'' လို့ ပြောပါတယ်။

ဒီဗွီဘီက ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကို အသေးစိတ်သိရှိနိုင်ဖို့ တပ်ကုန်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ဆက်သွယ်မေးမြန်းပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

''လက်ပစ်ဗုံးနဲ့အပစ်ခံရတာလို့တော့ ပြောတယ်။ စနေနေ့က ရုံးပိတ်ရက်ဆိုတော့ ဝန်ထမ်းတွေမရှိဘူးလေ။ စစ်သားဗုံးဆံမှန်တယ် တော့ သိရတယ်။ ဘယ်နှယောက်ထိသွားလဲ မသိဘူး။ တနင်္လာနေ့တော့ အတိအကျသိရမှာပေါ့'' လို့ စာရေးဝန်ထမ်းတဦးက ဆိုပါတယ်။

ဗုံးဖောက်ခွဲမှုကို တပ်ကုန်းမြို့ပြပြောက်ကျားတပ်ဖွဲ့ Tatkon Urban Guerrilla ကပြုလုပ်ခဲ့တာဖြစ်တယ်လို့ တာဝန်ခံကအတည်ပြုဖြေကြားထားပါတယ်။

တပ်ကုန်းမြို့နယ်၊ လျှပ်စစ်ရုံးမှာလည်း နိုဝင်ဘာလ ၁ ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင်က ဗုံး ၁ လုံးပေါက်ကွဲလို့ ရုံးအဆောက်အအုံ အနည်းငယ်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

2 months Ago
More News
Up