မြန်မာသံရုံး

March 6, 2021

တိုကျိုမြို့ မြန်မာသံရုံး ပထမအတွင်းဝန် CDM တွင် ပူးပေါင်းပါဝင်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ မြန်မာသံရုံးမှာ ပထမအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးအောင်စိုးမိုးဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းပါဝင်လာပါတယ်။

ပြည်သူ့ဝန်ထမ်းတစ်ဦးဖြစ်တာကြောင့် ဒီနေ့ကစပြီး မိမိဆန္ဒအလျောက် မြန်မာပြည်သူတွေနဲ့အတူ CDM မှာ ပူးပေါင်းပါဝင်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“CDM မှာ ပါဝင်ဖို့က ဘယ်သူတဦးတယောက်ကမှ တိုက်တွန်းတာမဟုတ်ဘူး။ ဘယ်နိုင်ငံရေးပါတီကမှ တိုက်တွန်းတာလည်း မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းကမှလည်း တိုက်တွန်းတာလည်းမဟုတ်ဘူး။ ကျနော်ကိုယ်တိုင် အမှန်တရားဘက်ကို မျက်နှာမူချင်လို့၊ အမှန်တရားဘက်ကို ရပ်တည်ချင်လို့ အဲဒါကြောင့်မို့ CDM မှာ ပါဝင်တာဖြစ်ပါတယ်။"

မြန်မာပြည်သူတွေက ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရအပေါ် လက်နက်အားကိုးနဲ့ အဓမ္မ အာဏာသိမ်းယူပြီး ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အသက်ဆုံးရှုံးတဲ့အထိ အကြမ်းဖက်နှိမ်နင်းတိုက်ခိုက်ခြင်းတို့အပေါ် များစွာဝမ်းနည်းထိခိုက်ခံစားရတယ်လို့ ဦးအောင်စိုးမိုးက သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလရွေးကောက်ပွဲရလဒ်ကို လေးစားပြီး နိုင်ငံတော်အာဏာအား ပြည်သူတွေထံ ပြန်လည်အပ်နှံဖို့လည်း တိုက်တွန်းထားပါတယ်။

အခုလို CDM မှာ ပါဝင်တာဟာ မြန်မာနိုင်ငံသားတစ်ယောက်ရဲ့ ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်တာဖြစ်ပြီး လက်ရှိရာထူးကနေ နုတ်ထွက်ခြင်း လုံးဝ (လုံးဝ) မဟုတ်ကြောင်းလည်း  ဖော်ပြထားပါတယ်။

2 months Ago

February 12, 2021

ဂျာမန်အနုပညာရှင် မြန်မာသံရုံးရှေ့ နှင်းတောထဲ ဒေါ်အောင်ဆန်းစုကြည်ပုံ ရေးဆွဲ

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဂျာမန် ပန်းချီအနုပညာရှင် လာကူနာက နှင်းတွေထူ ထပ်စွာကျနေတဲ့ ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ မြန်မာသံရုံးရှေ့မှာ   ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံ ရေးဆွဲပြီး ဆန္ဒထုတ်ဖော်ထားပါတယ်။ 

ဒီရုပ်ပုံဟာ မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ပြည်သူတွေကို အားပေးထောက်ခံကြောင်း ပြသတာဖြစ်ပြီး မြန်မာပြည်သူတွေရဲ့ ရုန်းကန်တော်လှန်လှုပ်ရှားမှုဟာ အကျိုးဖြစ်ထွန်းစေဖို့နဲ့  ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးကို နောက်ထပ်တကြိမ် ထာဝရ ဖြုတ်ချနိုင်လိမ့်လို့လည်း ဂျာမန်အနုပညာရှင် လာကူနာက ကြေညာချက်ထုတ်ပြန် ပြောပါတယ်။ 

Photo Credit- Street artist  Lacuna

3 months Ago
More News
Up