မြန်မာနိုင်ငံသား

May 7, 2021

နယ်သာလန်ရောက် မြန်မာနိုင်ငံသားများ ပိုစတာကန်ပိန်းဖြင့် PDF ကို ကြိုဆို

နယ်သာလန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရက ဖွဲ့စည်း တဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ကို   မေ ၆ ရက်နေ့က စတာကမ်ပိန်းပြုလုပ် ကြိုဆိုခဲ့ကြပါတယ်။

တက်ကြွလှုပ်ရှားသူတွေဟာ နယ်သာလန်နိုင်ငံ အယ်ခမာမြို့က နာမည်ကျော် AZ အာဇက် ဘောလုံးကွင်းကြီးဘေးမှာ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ကြိုဆိုထောက်ခံပွဲလုပ်ခဲ့ကြတာပါ။

1 day Ago

April 25, 2021

ကိုရီးယားရောက် မြန်မာနိုင်ငံသားများ NUG ကို ကြိုဆို

တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေစုပေါင်းပြီး ဒဲယ်ဂျောန်းမြို့မှာ ဧပြီ ၂၅ ရက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံကြိုဆိုခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ထောက်ခံကြိုဆိုပွဲကို ဒဲယ်ဂျောန်းမြို့ မြန်မာ့ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့က  ဦးဆောင်ပြီး မြန်မာနိုင်ငံသားတွေနဲ့စုပေါင်းပြုလုပ်ခဲ့တာပါ။

အဲ့ဒီထောက်ခံပွဲမှာ အကြမ်းဖက်စစ်ကောင်စီကျဆုံးရေး၊  ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေးနဲ့ ဒီမိုကရေစီရရှိရေးစတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ခဲ့ကြတယ်လို့ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

ဧပြီ ၁၈ ရက်ကလည်း တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေဟာ နွေဦး တော်လှန်ရေးမှာ ကျဆုံးခဲ့သူတွေအတွက်လည်း ဆုတောင်းအမျှဝေခဲ့ကြပါတယ်။

2 weeks Ago
More News
Up