မြစ်ကြီးနား

May 4, 2021

မြစ်ကြီးနားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆက်လက်ဆန္ဒပြ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမှာ မေလ ၄ ရက်နေ့မနက်က အထွေထွေသပိတ်အဖွဲ့မှ  လူငယ်တွေက စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။ 

မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး  အရုဏ်ဦးလမ်းလျှောက် သပိတ်၊ ဆိုင်ကယ်သပိတ်၊ ပြောက်ကျားသပိတ်နဲ့ ညသပိတ်တွေ နေ့စဉ်ပြုလုပ်ပြီး စစ်အာဏာရှင်ကို အလိုမရှိကြောင်း ပုံစံမျိုးစုံနဲ့ ဆန္ဒပြနေကြတာဖြစ်ပါတယ်။

3 days Ago

May 2, 2021

မြစ်ကြီးနားမြို့ ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးနေ့သပိတ် ၂ ကြိမ်ဖြိုခွင်းခံရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ မေလ ၂ ရက်နေ့က  အထွေထွေ သပိတ်စစ်ကြောင်းကို စစ်အုပ်စုက  နှစ်ကြိမ် ဖြိုခွင်းခဲ့ပေမဲ့ ဒေသခံပြည်သူတွေက  ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ လာရောက်ဖြိုခွင်းမှုရှိခဲ့ပေမဲ့ ဖမ်းဆီးခံရသူတွေတော့ မရှိဘူးလို့ သိရပါတယ်။

Photo-CJ

5 days Ago

စစ်အာဏာရှင်ပြုတ်ကျရေး မြစ်ကြီးနားတွင် မိုးရေထဲ ဆက်လက်ဆန္ဒပြ

စစ်အာဏာရှင်အလိုမရှိကြောင်း မြစ်ကြီးနားမှာ မေလ ၂ ရက်နေ့မနက်က မြစ်ကြီးနားအခြေစိုက်ကျောင်းသားသမဂ္ဂများသပိတ်၊ ပင်မသပိတ်နဲ့ အထွေထွေသပိတ်များ ပူး​ပေါင်းပြီး မိုးရေထဲမှာ ဆက်လက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့က ရပ်ကွက်တွေထဲမှာ ဒီနေ့မနက်ကလည်း အရုဏ်ဦးသပိတ်နဲ့  ပြောက်ကျားသပိတ်များပြုလုပ်ပြီး စစ်အာဏာရှင်ကိုအလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

5 days Ago
More News
Up