မြင်းခြံ

September 29, 2021

သံတိုသံစ ရောင်းဝယ်သူဟန်ဆောင် ဒလန်များကို 27 Revolution Forces က သတိပေး

မြင်းခြံမြို့နယ်တွင် သံတို၊ သံစ၊ ဆံပင်ကျွတ်ရောင်းဝယ်သမား တွေ့ရှိပါက စကစသတင်းပေးအဖြစ် သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းခံရမယ်လို့ 27 Revolution Forces က စက်တင်ဘာ ၂၈ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီက မြင်းခြံမြို့နယ်အတွင်း သတင်းယူ ထောက်လှမ်းနိုင်ဖို့ လက်တလော ရပ်ကွက် ကျေးရွာတွေကို သံတိုသံစ ရောင်းဝယ်သမားလိုလို ဆံပင်ကျွတ်ရောင်းဝယ်သမားလိုလို အသွင်မျိုးစုံယူ စေခိုင်း/လှုပ်ရှားပြီး သတင်းပေး သတင်းယူ လုပ်ဆောင်နေတာ တွေ့မြင်ရတာကြောင့် အခုလို ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

အစစ်အမှန် အသက်မွေးဝမ်းကျောင်းပြုသူ သံတို သံစ ‌ဆံပင်ကျွတ်သည်များပါ အသက်အန္တရာယ် စိုးရိမ်ရတဲ့အတွက် အောက်တိုဘာ ၂ ရက်နောက်ပိုင်း သံတိုသံစ ရောင်းဝယ်သူ၊ ဆံပင်ကျွတ် ရောင်းဝယ်သူတွေကို ရပ်ကွက် ကျေးရွာတွေမှာ တွေ့ရှိပါက ဒလန်၊ စကစ သတင်းပေး သတ်မှတ်ပြီး သုတ်သင်ရှင်းလင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

4 weeks Ago

September 25, 2021

မြင်းခြံတွင် အိမ်သာကျင်းဟောင်းထဲ ပြုတ်ကျသူ ၁ ဦးကို မီးသတ်တပ်ဖွဲ့ကယ်ဆယ် (ဓာတ်ပုံ)

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်မှာ အိမ်သာကျင်းဟောင်းထဲပြုတ်ကျခဲ့တဲ့ အမျိုးသမီးတဦးကို မီးသတ်တပ်ဖွဲ့က ကယ်ဆယ်ခဲ့တယ်လို့ သိရပါတယ်။

အမှတ် ၄ ရပ်ကွက်၊ နယ်မြေ ၁၄ မှာ အိမ်သာကျင်းဟောင်းထဲ အမျိုးသမီး ၁ ဦး ပြုတ်ကျခဲ့တာဖြစ်ပြီး  မြင်းခြံခရိုင်/မြို့နယ် မီးသတ်စခန်းက သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ကူညီပြီး အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

1 month Ago
More News
Up