မုံရွာမြို့

July 19, 2019

မုံရွာမြို့ ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား (ဓာတ်ပုံ)

၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဒီကနေ့မနက်က စစ်ကိုင်းတိုင်း မုံရွာမြို့လယ် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေးရုပ်မှာ ကျင်းပပါတယ်။ အခမ်းအနားမှာ နိုင်ငံရေးပါတီတွေ၊ ဌာနဆိုင်ရာတွေ၊ ကျောင်းသားကျောင်းသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ပြည်သူတွေ လာရောက် ဂါရဝပြုခဲ့ကြပါတယ်။
2 years Ago

May 4, 2019

မုံရွာမြို့ ကားလမ်းဘေးရေမြောင်းတွင် ပုပ်ပွနေသည့်အလောင်း တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတောင်ရပ်ကွက်၊ ပြည်ထောင်စုလမ်းဘေး၊ အနောက်ဘက် ရေမြောင်းမှာ ပုပ်ပွသေဆုံးနေတဲ့ အသက် ၃၀ ကျော်အရွယ် အမျိုးသား အလောင်းတလောင်းကို မေလ ၃ ရက်နေ့ ညနေပိုင်းက တွေ့ရှိခဲ့ပါတယ်။ သေဆုံးအလောင်းမှာ ပြင်ပဒဏ်ရာမတွေ့ရဘဲ ဘာကြောင့် သေတယ်ဆိုတာ သိရှိနိုင်ဖို့ မုံရွာဆေးရုံကြီး ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ မုံရွာမြို့မရဲစခန်းမှ အမှုစစ် ဒုရဲအုပ်တဦးက ပြောပါတယ်။ "ဆရာဝန်ကြီးပြောပြချက်အရတော့ ပြင်ပဒဏ်ရာမရှိဘူး။ တခြားရောဂါတခုခုကြောင့် သေတယ်လို့ ယူဆတယ်။ ရင်ခွဲစစ်ဆေးပြီးရင်တော့ သိရပါမယ်။" လက်ရှိမှာတော့ သေဆုံးသူ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးတဲ့အတွက် စုံစမ်းနေဆဲဖြစ်ပြီး မုံရွာမြို့မရဲစခန်းကနေ သေမှုသေခင်းအမှတ် ၂၀/၂၀၁၉ နဲ့ ဖွင့်လှစ်ထားရှိပါတယ်။
2 years Ago
More News
Up