မဲစာရင်းလာကြည့်သူ

July 25, 2020

ဗဟန်းမြို့နယ် ရွှေနံ့သာရပ်ကွက်ရုံးတွင် မဲစာရင်းလာကြည့်သူ ၁၅ ဦးရှိပြီ (ဓာတ်ပုံ)

ဗဟန်းမြို့နယ် ရွှေနံ့သာရပ်ကွက်ရုံးမှာတော့ မဲစာရင်းစကပ်တဲ့ ဇူလိုင် ၂၅ ရက်နေ့ မနက် ၇ နာရီကနေ ၉ နာရီအထိ လာရောက်ကြည့်ရှုသူ ၁၅ ယောက်ရှိသွားပြီလို့ တာဝန်ရှိသူက ပြောပါတယ်။  လာရောက်ကြည့်ရှုသူတွေရဲ့ နာမည်နဲ့ လက်မှတ်ကို ယူထားပြီး အခုလို ယူထားတာဟာ ဘယ်လောက်လာကြည့်တယ်ဆိုတာကို သိနိုင်ဖို့နဲ့ လာမကြည့်ဘဲ အမျိုးမျိုးပြောဆိုတာတွေကို သိနိုင်ဖို့အတွက် လုပ်ထားတာလို့ ဆိုပါတယ်။  မဲစာရင်းပါတဲ့ ရပ်ကွက်မှာ အနေကြာခဲ့ပြီး မကြာခင်ကမှ တဖက်ရပ်ကွက်ကို ပြောင်းသွားသူတွေ ရှိတာကိုတော့ မဲစာရင်းပါတဲ့ဆီမှာ ပေးမလား ပြောင်းသွားတဲ့ ရပ်ကွက်မှာ ပေးချင်လားဆိုတဲ့အပေါ်  စီစဉ်ပေးမယ်လို့ ဆိုပါတယ်။  ပြောင်းရွှေ့သွားတဲ့ ရပ်ကွက်မှာ ပေးချင်ရင်တော့ လက်ရှိစာရင်းကို ပယ်ဖျက်ပေးမှာဖြစ်ပြီး မူလနေရာမှာပဲ ပေးချင်တယ်ဆိုရင်တော့ ပြောင်းရွှေ့သွားတဲ့ရပ်ကွက်က တာဝန်ရှိသူတွေထံ အသိပေးအကြာင်းကြားပေးပါလို့ ဆိုပါတယ်။
11 months Ago
Up