မလေးရှားတရားရုံး

April 1, 2019

ကင်ဂျုံနမ်သတ်မှုဖြင့် စွပ်စွဲခံထားရသည့် ဗီယက်နမ်အမျိုးသမီး သေဒဏ်က လွတ်မြောက်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အဖေတူ အမေကွဲ ညီအစ်ကို ကင်ဂျုံနမ်ကို သတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ဗီယက်နမ်အမျိုးသမီးဟာ ဧပြီ ၁ ရက် တရားရုံးကြားနာပွဲမှာ သေဒဏ်ကနေ လွတ်မြောက်သွားပါတယ်။ မလေးရှား တရားသူကြီးတွေက သူ့အပေါ် စွဲချက်တင်ထားတဲ့ လူသတ်မှုကို ပယ်ဖျက်ပေးခဲ့တာပါ။ အသက် ၃၀ အရွယ် ဒုံသီဟောင်ကို နာကျင်စေမှုနဲ့ ပြောင်းပြီး တရားစွဲခဲ့ပြီး သူကလည်း အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။ တရားသူကြီးက သူ့ကို ထောင်ဒဏ် ၃ နှစ်ကျော် စီရင်ချက်ချခဲ့ပေမယ့် သူ့ရှေ့နေကတော့ သူဟာ လာမယ့်လ အစောဆုံးထားပြီး လွတ်လာမယ်လို့ ပြောပါတယ်။ ဒုံသီဟောင်နဲ့ အင်ဒိုနီးရှားနိုင်ငံသူ ဆီတီအိုက်ရှာတို့ဟာ မလေးရှားမြို့တော် ကွာလာလမ်ပူက နိုင်ငံတကာ လေဆိပ်ထဲမှာ ကင်ဂျုံနမ်ရဲ့မျက်နှာကို VX ရေဒီယိုသတ္တိကြွ အဆိပ်နဲ့ သုတ်လိမ်းမှုနဲ့ စွဲချက်တင်ခံရတာပါ။ ဒီအဆိပ်ဟာ လူကိုသေစေနိုင်တဲ့ ဓာတုလက်နက်တမျိုးလည်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံသူကတော့ သူ့အပေါ် စွဲချက်တွေကို တရားသူကြီးတွေက ပယ်ဖျက်ပေးအပြီး အရင်လက လွတ်မြောက်သွားပါပြီ။ မြောက်ကိုရီးယား အစိုးရက ကင်ဂျုံနမ်ကိုလုပ်ကြံဖို့ အမိန့်ပေးခဲ့တာလို့ တောင်ကိုရီးယားနဲ့ အမေရိကန် အရာရှိတွေက ပြောခဲ့ပေမယ့် မြောက်ကိုရီးယား အစိုးရကတော့ ငြင်းဆန်ခဲ့ပါတယ်။
2 years Ago

March 14, 2019

ကင်ဂျုံနမ် သတ်ဖြတ်မှုဖြင့် စွပ်စွဲခံရသည့် ဗီယက်နမ်နိုင်ငံသူကို တရားရုံးထုတ်

ကင်ဂျုံနမ်ကို သတ်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ ဗီယက်နမ်သူ ဒုံသီဟောင်ကို မလေးရှားတရားရုံးမှာ မတ်လ ၁၄ ရက်နေ့က ရုံးထုတ်ခဲ့ပါတယ်။ ဒုံသီဟောင်နဲ့အတူ စွပ်စွဲခံရတဲ့ အင်ဒိုနီးရှားသူ ဆီတီ အိုက်ရှာကို မတ်လ ၁၁ ရက်ေန့က လွှတ်ပေးပြီးနောက် ဗီယက်နမ်အစိုးရက ဒုံသီဟောင်ကိုလည်း လွှတ်ပေးဖို့ မလေးရှားကို တိုက်တွန်းခဲ့ပါတယ်။ ဒုံသီဟောင်နဲ့ ဆီတီအိုက်ရှာတို့ဟာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်စပ်သူ ကင်ဂျုံနမ်ရဲ့ မျက်နှာကို  VX အဆိပ် သုတ်လိမ်း သတ်ဖြတ်တယ်ဆိုပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလက ကွာလာလမ်ပူလေဆိပ်မှာ အဖမ်းခံရပါတယ်။ သူတို့နှစ်ဦးစလုံးက စွပ်စွဲချက်ကို ငြင်းဆိုပြီး နောက်ပြောင်ကျီစယ်တဲ့ တီဗွီအစီအစဉ်မှာ ပါဝင် သရုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ ကင်ဂျုံနမ် သတ်ဖြတ်မှုမှာ စွဲချက်တင်ထားတဲ့ မြောက်ကိုရီးယား ၄ ဦးဟာလည်း လုပ်ကြံမှုအပြီး နာရီပိုင်းအတွင်း မလေးရှားကနေ ထွက်ပြေးသွားပါတယ်။
2 years Ago
Up