မေဆန်မောင့်

June 22, 2021

ကိုဗစ်ပိုးရှိသူနှင့် ထိတွေ့ခဲ့သဖြင့် အင်္ဂလန်ကစားသမား ၂ ဦး သီးသန့်နေထိုင်ရ

အင်္ဂလန်ကစားသမား နှစ်ဦးဖြစ်တဲ့ မေဆန်မောင့်နဲ့ ဘင်ချီဝဲလ်တို့ဟာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူနဲ့ ထိတွေ့ခဲ့တာကြောင့် သီးသန့်နေထိုင်ခဲ့ရပါတယ်။

သူတို့နှစ်ဦးဟာ စကော့တလန်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲအပြီးမှာ ချဲလ်ဆီးအသင်းဖော် ကွင်းလယ်လူ ဂီလ်မောနဲ့ ဖက်လဲတကင်း နှုတ်ဆက်ခဲ့ကြတာ ဖြစ်ပါတယ်။ 

စကော့တလန်ကွင်းလယ်လူ ဂီလ်မောမှာ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့တာကြောင့် သူနဲ့ နီးနီးကပ်ကပ် ထိတွေ့ခဲ့တဲ့ မေဆန်မောင့်နဲ့ ဘင်ချီဝဲလ်တို့ဟာ သီးသန့်နေထိုင်ခဲ့ရတာ ဖြစ်ပါတယ်။ 

တနင်္လာနေ့က ကစားသမားတွေအားလုံးကို ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ရာမှာတော့ မေဆန်မောင့်နဲ့ ဘင်ချီဝဲလ်တို့မှာ ပိုးတွေ့ခဲ့ခြင်းမရှိပေမဲ့ ချက်နဲ့ အုပ်စုနောက်ဆုံး ပွဲစဉ်မှာတော့ ကိုဗစ် စည်းမျဉ်းစည်းကမ်းတချို့ကြောင့် ပါဝင်ကစားခွင့်ရဖွယ်မရှိဘူးလို့ သိရပါတယ်။ 

မေဆန်မောင့်ဟာ စကော့တလန်နဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားခဲ့ပြီး ဘင်ချီဝဲလ်က အရန်ခုံမှာပဲ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

3 months Ago
Up