မူးယစ်ဆေးစွဲခင်ပွန်းက သူငယ်ချင်း ၇ ဦးအား ဇနီးဖြစ်သူကို အဓမ္မပြုကျင့်စေသည့် အမှုဖြစ်

September 18, 2017

မူးယစ်ဆေးစွဲခင်ပွန်းက သူငယ်ချင်း ၇ ဦးအား ဇနီးဖြစ်သူကို အဓမ္မပြုကျင့်စေသည့် အမှုဖြစ်

အိန္ဒိယနိုင်ငံမှာ မူးယစ်ဆေးစွဲနေတဲ့ အမျိုးသားတဦးဟာ မူးယစ်ဆေးဝါးဝယ်ယူဖို့ ငွေလိုနေတဲ့အတွက် သူငယ်ချင်း ၇ ဦးကို ဇနီးဖြစ်သူအား အဓမ္မပြုကျင့်ခိုင်းတဲ့အမှု ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပန်ဂျပ်ပြည်နယ်တွင်း ကျေးရွာတရွာမှာ ပြီးခဲ့တဲ့ဇွန်လတုန်းက ဖြစ်ခဲ့တာဖြစ်ပြီး ခင်ပွန်းဖြစ်သူကို ရဲတွေက ဖမ်းဆီးထားကာ အဓမ္မပြုကျင့်သွားတဲ့ အမျိုးသားတွေကိုတော့ ရဲတွေက လိုက်လံရှာဖွေနေကြတာပါ။ ခင်ပွန်းဖြစ်သူနဲ့ သူငယ်ချင်း ၇ ဦးလုံးဟာ တရွာတည်းကဖြစ်ပြီး သူတို့အားလုံး ဆေးစွဲနေကြတယ်လို့ အဓမ္မပြုကျင့်ခံရတဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးက ပြောပါတယ်။ မူးယစ်ဆေးစွဲနေတဲ့ အမျိုးသားတွေဟာ အမျိုးသမီးကို တိုက်ခိုက် အဓမ္မပြုကျင့်ခဲ့ပြီးနောက်ပိုင်းမှာ သူ့ကို ခြိမ်းခြောက်ငွေညှစ်နိုင်အောင် လိင်ပိုင်းဆိုင်ရာ စော်ကားနေချိန်အတွင်း ဓာတ်ပုံတွေပါ ရိုက်ကူးခဲ့ကြတာပါ။ သူတို့ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် မိန်းကလေးရဲ့ အသက် ၁၅ နှစ်အရွယ်ကတည်းက လက်ထပ်ခဲ့ကြတာဖြစ်ပြီး ကလေးတဦး ထွန်းကားခဲ့တာပါ။ အမျိုးသမီးရဲ့ဖခင်ဟာ သူ့အသက် ၅ နှစ်အရွယ်မှာ ဆုံးပါးခဲ့ပြီး မိခင်က နောက်အိမ်ထောင် ထူထောင်ခဲ့တဲ့အတွက် သူဟာ အဖိုးဖြစ်သူနဲ့ ကြီးပြင်းခဲ့ရတာပါ။ အဲဒီနောက် မိန်းကလေးရဲ့ အသက် ၁၅ နှစ်အရွယ်မှာ အိမ်ထောင်ချပေးခဲ့ပေမယ့် လင်ယောက်ျားဖြစ်သူ ဆေးစွဲနေမှန်း မသိဘူးလို့ အဖိုးဖြစ်သူက ပြောပါတယ်။ လက်ရှိမှာတော့ အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသား ၇ ဦးကို ဥပဒေပုဒ်မ ၃၇၆ မုဒိမ်းမှုနဲ့ အရေးယူသွားမှာဖြစ်ပြီး ခင်ပွန်းဖြစ်သူကိုတော့ ရာဇဝတ်ပြစ်မှု ပူးပေါင်းကြံစည်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၀(ခ) အရ အရေးယူသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
Up