မူလတန်းကျောင်း

March 14, 2019

နိုင်ဂျီးရီးယားတွင် မူလတန်းကျောင်းရှိသည့် အဆောက်အဦပြိုကျ၊ ကလေး ၁၀၀ ဝန်းကျင် ပိတ်မိနေ

နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေးမြို့တော် လာဂို့စ်မှာ မတ်လ ၁၃ ရက်နေ့က မူလတန်းကျောင်းရှိတဲ့ ၄ ထပ်အဆောက်အဦ ပြိုကျပြီးနောက် ကလေးအယောက် ၁၀၀ ဝန်းကျင်နဲ့ တခြားလူတွေ ပိတ်မိနေပါတယ်။ အဲဒီပြိုကျတာကနေ အခုထိ ကလေး ၈ ဦးကို ကယ်ဆယ်ထားတယ်လို့ သိရပါတယ်။ အဲဒီပြိုကျမှုမှာ အများအပြား ပိတ်မိနေပြီး အသေအပျောက် ကိန်းဂဏန်း မရသေးဘူးလို့ အမျိုးသား အရေးပေါ်စီမံခန့်ခွဲရေး အေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ နိုင်ဂျီးရီးယားနိုင်ငံမှာ ဆောက်လုပ်ရေးစည်းမျဥ်း လိုက်နာတာ အားနည်းပြီး ညံ့ဖျင်းတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ သုံးတာကြောင့် အဆောက်အဦ ပြိုကျတာတွေ မကြာခဏဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago

January 9, 2019

တရုတ် မူလတန်းကျောင်းတွင် လူတဦး တူဖြင့်လိုက်လံတိုက်ခိုက်၊ ကျောင်းသား ၂၀ ဒဏ်ရာရ

တရုတ်နိုင်ငံ မြို့တော် ဘေဂျင်းက မူလတန်းကျောင်းတကျောင်းမှာ ဇန်နဝါရီ ၈ ရက်နေ့က လူတဦး တူနဲ့ လိုက်လံတိုက်ခိုက်တာကြောင့် ကျောင်းသားအယောက် ၂၀ ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာနက ကြေညာပါတယ်။ အဲဒီလို တိုက်ခိုက်တာကြောင့် ဒဏ်ရာရကျောင်းသားထဲက ၃ ဦး ဒဏ်ရာပြင်းထန်ပေမယ့် အခြေအနေ တည်ငြိမ်လာပြီလို့ ရှီချန်းခရိုင် အာဏာပိုင်တွေက ဆိုရှယ်မီဒီယာမှာ ဖော်ပြပါတယ်။ အဲဒီကျောင်းက  အသက် ၄၉ နှစ်အရွယ် ပြုပြင်ထိန်းသိမ်းရေးသမားဟောင်းဟာ အလုပ်စာချုပ် သက်တမ်းမတိုးတာကြောင့် ကျောင်းသားတွေအပေါ် အခုလို ဒေါသအိုး ပေါက်ကွဲတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကို ကိုးကားပြီး သတင်းဌာနက ဆိုပါတယ်။ အဲဒီတိုက်ခိုက်သူ ဟေလုံကျန်းပြည်နယ်ဇာတိ အလုပ်သမားဟောင်းကို ရဲတပ်ဖွဲ့က ထိန်းသိမ်းခဲ့ပါတယ်။ တိုက်ခိုက်မှုကြောင့် ကျောင်းသားမိဘတွေဟာ ကျောင်းပေါက်ဝမှာ သားသမီးတွေကို စောင့်ဆိုင်းခေါ်ယူခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေ ကြုံတောင့်ကြုံခဲ ဖြစ်ပေမယ်လို့ မကြာသေးခင်နှစ်တွေက ကလေးငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က တရုတ်နိုင်ငံတောင်ပိုင်းမှာ လူတဦး ဓားနဲ့တိုက်ခိုက်လို့ ကလေးငယ် ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှု ကျူးလွန်သူကို ဒီလမှာပဲ ကွပ်မျက်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
3 years Ago
More News
Up