မူဆယ်

July 20, 2019

မူဆယ်တွင် သေနတ်မျိုးစုံနှင့် လက်ပစ်ဗုံး အလုံး ၂၀ ကျော် ဖမ်းမိ

ရှမ်းပြည်နယ် မူဆယ်မြို့နယ်အတွင်းမှာ သေနတ်မျိုးစုံနဲ့ လက်ပစ်ဗုံး အလုံး ၂၀ ကျော် ဖမ်းဆီးမိခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့ OHC တိုးဂိတ်မှာ ဇူလိုင် ၁၀ ရက် ည ၁၀ နာရီခွဲလောက် ရန်စန်း(ဘ)ဦးရှောက်ဝမ် မောင်းနှင်လာတဲ့ MDY-5M/ ---ယာဉ်ပေါ်မှ ဘိန်းဖြူ ၃ ဂရမ်၊ တရုတ်ငွေစက္ကူ ၈၂၀၀ ယွမ်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ ရန်စန်းအား စစ်ဆေးမေးမြန်းချက်အရ မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်၊ တိုးချဲ့ကွက်သစ်ရှိ ဂိုဒေါင်အတွင်း လက်နက်၊ ခဲယမ်းတွေ သိမ်းဆည်းထားကြောင်း သိရလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၇ ရက် ည ၉ နာရီလောက်မှာ သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဂိုဒေါင်အတွင်း မီးခံသေတ္တာအတွင်းမှ သေနတ်မျိုးစုံ ခုနစ်လက်၊ ကျည်အိမ်မျိုးစုံ ၂၄ ခု၊ လက်ပစ်ဗုံး ၂၂ လုံး၊ စနက်တံခြောက်ခု၊ ကျည်မျိုးစုံ ၅၅၃ တောင့်နဲ့ မှန်ပြောင်းနှစ်လက်တို့အား ထပ်မံတေံရှိ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သိမ်းဆည်းရမိတဲ့ လက်နက်၊ ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
2 years Ago

June 15, 2019

မူဆယ်မြို့နယ်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ၂ ဦးသေဆုံး ၁၄ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ် မူဆယ်မြို့နယ်မှာ ခရီးသည်ယာဉ်တစီးတိမ်းမှောက်မှုကြောင့် ၂ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇွန် ၁၄ ရက်နေ့ မနက်ပိုင်းက မူဆယ်မြို့နယ်၊ အောက်တုံခန်ကျေးရွာ မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၂၇၈/၁-၂) ကြားမှာ ဇော်မင်းသိန်း နှစ်မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ ကြံစိုက်ခင်းအတွင်း တိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက် တိုးဝင်းထွန်း (ခ) ဝေယံ အပါအ၀င် အမျိုးသား ၂ ဦး ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ကျန်သူ ၁၄ ဦး ဖူးရောင်ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့လို့ မူဆယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်မောင်း ဇော်မင်းသိန်းအား မူဆယ်မြို့မရဲစခန်းက ယာဉ်(ပ)၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ (ပေါ့လျော့မှုကြောင့် လူသေမှု၊ သာမန်နာကျင်စေမှု၊ ယာဉ်မဆင်မခြင်မောင်းနှင်မှု) နဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။
2 years Ago
More News
Up