မုံရွာပင်မသပိတ်စစ်ကြောင်း

May 11, 2021

နွေဦးတော်လှန်ရေး ရက် ၁၀၀ ပြည့် မုံရွာပင်မသပိတ်စစ်ကြောင်းချီတက်ဆန္ဒပြ

မုံရွာပင်မသပိတ်ဟာ  အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်တဲ့ ရက်ပေါင်း ၁၀၀ ပြည့်အဖြစ်  ဒီကနေ့  မေလ ၁၁ ရက်နေ့မနက်က လူအင်အားအများပြားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

3 months Ago

March 25, 2021

မုံရွာပင်မသပိတ်စစ်ကြောင်း ဆက်လက်ချီတက်

မုံရွာမြို့က လူထုတိုက်ပွဲ ပင်မသပိတ်စစ်ကြောင်းကို မတ်လ ၂၅ ရက်နေ့က အကြမ်းဖက် လက်နက်ကိုင်တပ်တွေရဲ့ တားဆီးပိတ်ဆို့မှုတွေကြားကနေ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လူထောင်ချီစုဝေး ချီတက်နိုင်ခဲ့ကြပါတယ်။ 

ပင်မသပိတ်စစ်ကြောင်းမှာ အေးအေးချမ်းချမ်းနဲ့ ချီတက်နိုင်ခဲ့ပေမဲ့ ရပ်ကွက်သပိတ် စစ်ကြောင်း တစ်ခုကိုတော့ သေနတ်ပစ်ဖောက်လူစုခွဲကာ ဖမ်းဆီးတာတွေရှိတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ရပ်ကွက်တွေထဲထိ အကြမ်းဖက်တပ်တွေက ဝင်ထွက်လွယ်အောင် အတားအဆီး တွေကိုလည်း အင်အားသုံး ဖယ်ရှားနေသလို ချွေးတပ်ဆွဲကာ အဓမ္မဖယ်ရှားခိုင်းတာတွေလည်း ရှိနေပါတယ်။ 

အတားအဆီးတွေကိုတော့ ပြည်သူတွေက သစ်ပင်ကြီးတွေလှဲကာ ဆက်လက်ပိတ်ဆို့တာ တွေလည်း ပြုလုပ်နေကြပါတယ်။

4 months Ago
Up