မုံရွာ

May 2, 2021

လက်ပံတောင်းတောင်ဒေသက ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေးသပိတ်

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်၊ ကြေးစင်တောင်အနီးကျေးရွာတွေ စုပေါင်းပြီး မေလ ၂ ရက်နေ့မနက်က ကမ္ဘာလုံးဆိုင်ရာနွေဦးတော်လှန်ရေး သပိတ်ပြုလုပ်ခဲ့ပါတယ်။

1 week Ago

April 18, 2021

မုံရွာမြို့တွင် ဓာတ်ပုံ ဗီဒီယို ရိုက်ကူးရေးလုပ်ငန်းလုပ်ကိုင်သူ ၁ ဦး ဖမ်းဆီးခံရ

မုံရွာမြို့မှာ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးတည်းဖြတ်ရေးလုပ်ငန်း လုပ်ကိုင်သူ  ကိုကံအောင်ကို စစ်တပ်က ဧပြီ ၁၇ ရက်မွန်းလွဲ ၂ နာရီလောက်မှာ နေအိမ်ကနေ လာရောက်ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သူ့နဲ့ရင်းနှီးတဲ့ မိတ်ဆွေ တစ်ဦးက ပြောပါတယ်။

လက်နက်ကိုင်စစ်သားတွေက ကိုကံအောင်ရဲ့တအိမ်လုံးကို ရှာဖွေစစ်ဆေးပြီးနောက် ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်တယ်လို့ ဆိုပါတယ်။

“သူဘာမှလုပ်တာမရှိဘူး။ သူနေအိမ်မှာရှာဖွေပြီး ဖမ်းဆီးသွားတယ်။ ကွန်ပျုတာတွေ  ဖုန်းတွေယူသွားတယ်။ ဘာအတွက်ဖမ်းဆီးတယ်ဆိုတာ အခုချိန်ထိ မသိရသေးဘူး” လို့ ကိုကံအောင်ရဲ့ မိတ်ဆွေတစ်ဦးက ပြောပါတယ်။

မုံရွာမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြတဲ့ပြည်သူတွေ၊ သပိတ်ခေါင်းဆောင်တွေ၊ CDM ဝန်ထမ်းတွေနဲ့ သတင်းသမားတွေကို  အကြမ်းဖက် စစ်တပ်နဲ့ ရဲတွေက လိုက်လံဖမ်းဆီး အမှုဖွင့် ထောင်ချနေတာဖြစ်ပြီး  ကိုကံအောင်ကို လက်ရှိဘယ်မှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။

3 weeks Ago

မုံရွာမြို့လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် တွေ့ခွင့်ပေးရန် မိခင်ဖြစ်သူ တောင်းဆို

အကြမ်းဖက် စစ်အုပ်စုရဲ့ မတရားရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့  မုံရွာမြို့လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို တွေ့ဆုံခွင့်ရဖို့နဲ့ ဆေးကုသမှု ခံယူခွင့်ပေးဖို့  သူ့ရဲ့ မိခင်ဖြစ်သူက တောင်းဆိုလိုက်ပါတယ်။ 

ဧပြီ  ၁၅ ရက်နေ့က မုံရွာပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်တွေနဲ့ လှည်လည်ဆန္ဒပြနေစဉ် ကိုဝေမိုးနိုင်ကို အကြမ်းဖက်စစ်တပ်ကအိမ်စီးကားနဲ့ တမင်ဝင်တိုက် ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

သားဖြစ်သူဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ကိုဝေမိုးနိုင်ရဲ့ မိခင်ဖြစ်သူက “ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်သော လုပ်ရပ်ဖြစ်၍ နိုင်ငံရေးအရ အရေးယူခြင်းကို ရင်ဆိုင်စေရန် ဝန်မလေးပါ။ လုပ်ကြံဖန်တီးထားသည့်၊ ရက်စက်ပြင်းထန်သည့် အမှုခင်းများအား လက်မခံနိုင်ပါ အသိအမှတ်မပြုပါ။  ကားဖြင့်တိုက်၍ ရိုက်နှက်ဖမ်းဆီးထားခြင်းအတွက် ပြင်းထန်သော ဒဏ်ရာများ ရရှိနေကြောင်း ကြားသိရပါသဖြင့် ဆေးကုသမှု ခံယူရရှိစေချင်ပါသည်။ မိခင်တစ်ယောက်အနေနဲ့ သားနှင့် တွေ့ခွင့်ပေးရန်လည်း တောင်းဆိုပါသည်။ သက်အန္တရာယ်ကင်းရှင်းကြောင်း သိရပြီးမှသာ မိခင်တယောက်အနေဖြင့် စိတ်အေးရပါမည် "လို့ ကိုဝေမိုးနိုင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးထားပါတယ်။ 

ကိုဝေမိုးနိုင်ဖမ်းခံရပြီး ရိုက်နှက်ခံထားရတဲ့ ဓာတ်ပုံတစ်ပုံလည်း   လူမူကွန်ယက်စာမျက်နှာတွေမှာ  ဧပြီ ၁၆ ရက် ညနေပိုင်းက စတင်ပျံ့နှံ့နေပါတယ်။

3 weeks Ago
More News
Up