မိုးပျံအမြန်ဘတ်စ်ကား

August 4, 2016

ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်ရှားနိုင်မည့် တရုတ် မိုးပျံအမြန်ဘတ်စ်ကား ပြေးဆွဲ

တရုတ်နိုင်ငံမှာ ယာဉ်ကြောပိတ်ဆို့မှုတွေကနေ ရှောင်ရှားပြီး မောင်းနှင်နိုင်မယ့် မိုးပျံ အမြန်ဘတ်စ်ကားစနစ်ကို တီထွင်နိုင်ခဲ့ပြီးနောက် သြဂုတ် ၂ ရက်က စတင် စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။ တီအီးဘီ-၁ လို့ အမည်ပေးထားတဲ့ အဆိုပါယာဉ်ကို တရုတ်နိုင်ငံမြောက်ပိုင်း၊ ဟဘေးခရိုင်၊ ကျင်ဟောင်ဒိုမြို့မှာ စမ်းသပ်မောင်းနှင် ပြေးဆွဲခဲ့တာပါ။ တရုတ်နိုင်ငံထုတ် အမြန်ယာဉ်ဟာ အရှည် ၂၂ မီတာ၊ အကျယ် ၇ ဒသမ ၈ မီတာ၊ အမြင့် ၄ ဒသမ ၈ မီတာရှိပြီး ခရီးသည် ၃၀၀ တင်ဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ဒီယာဉ်ကို ယာဉ်ကြောပိတ်ဆို့မှုကနေ ရှောင်ရှားနိုင်ဖို့ ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး လမ်းမပေါ်မှာ ဒီယာဉ် ဖြတ်သန်းသွားလာနေချိန်မှာ တခြားကားတွေ၊ ယာဉ်တွေပေါ်ကနေ ကျော်သွားနိုင်ပြီး ယာဉ်ရဲ့ အောက်ခြေကနေ လွတ်လွတ်လပ်လပ် မောင်းနှင်သွားနိုင်မှာပါ။ လတ်တလောမှာတော့ ဒီယာဉ်ကို ဘရာဇီး၊ ပြင်သစ်၊ အိန္ဒိယနဲ့ အင်ဒိုနီးရှားနိုင်ငံ အစိုးရတွေက စိတ်ဝင်စားနေကြတယ်လို့ ဆင်ဟွာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
5 years Ago
Up