မုန္တိုင္း

October 13, 2019

ဂျပန်တွင် မုန်တိုင်းကြောင့် ၁၉ ဦး သေဆုံးပြီး ဒါဇင်နှင့်ချီ ပျောက်ဆုံး

နှစ်ပေါင်း ၆၀ အတွင်း အားအပြင်းဆုံး  တိုက်ဖွန်း ဟာဂီဘိစ်ကြောင့် ဂျပန်နိုင်ငံမှာ သေဆုံးသူဦးရေဟာ ၁၉ ယောက်ထက်မနည်း ရှိလာပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေတယ်လို့ ဂျပန်တိုင်းမ် သတင်းဌာနမှာ ဖော်ပြပါတယ်။ ကယ်ဆယ်ရေးသမားတွေနဲ့ အာဏာပိုင်တွေဆီကနေ သိရတဲ့သတင်းအရ နိုင်ငံတဝှမ်း တိုက်ဖွန်းမုန်တိုင်းကြောင့်  လူ ၁၀၀ ဝန်းကျင် ဒဏ်ရာရတယ်လို့ ကျိုဒိုသတင်းဌာနက ပြောပါတယ်။  ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ  ရေပတ်လည်ဝန်းရံပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်ဖို့  ကြိုးပမ်းနေပါတယ်။  ရေကြီးဒဏ်နဲ့ မြေပြိုဒဏ်တွေ ကြုံတွေ့နေတဲ့ နိုင်ငံအလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့  အရှေ့မြောက်ပိုင်းဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေပါတယ်။  အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းမှာတော့ တိုက်ဖွန်းမုန်တိုင်း  ဟာဂီဘိစ်ဟာ အားပျော့သွားခဲ့ပြီး ကုန်းတွင်းကနေ ဆုတ်ခွာသွားခဲ့ပါတယ်။  ဒါပေမဲ့  ချီကုမမြစ်ရေလျှံတာကြောင့်  မီတာ ၇၀ အရှည် တာပေါင‌ေ ကျိုးပြီးနောက်  နာဂါနို စီရင်စုက နာဂါနိုမြို့မှာ ဆိုးဆိုးရွားရွား ရေကြီးနေပြီး   ရေအမြင့် ၂ မီတာ လောက် မြင့်တက်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
2 years Ago

October 12, 2019

တိုင်ဖွန်းမုန်တိုင်းကြောင့် တိုကျိုတွင် နေအိမ် အမိုးများလွင့်စင်၊ ၁ ဦးသေဆုံး

နှစ် ၆၀ အတွင်း အပြင်းထန်ဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်က ဂျပန်နိုင်ငံဆီကို ချဉ်းကပ် လာနေလို့ တိုကျိုတောင်ပိုင်းက ခါ့နာ့ငါ့ဝါ့ ခရိုင်ထဲမှာ ၂၄ နာရီ အတွင်း မိုးရေချိန် ၂၇ ဒသမ ၆လက်မထိ စံချိန်ကျိုးအောင် မိုးရွာသွန်းခဲ့ပါတယ်။  တိုကျိုမြို့ အရှေ့ဘက် ချိဘခရိုင်ထဲမှာလည်း လေပြင်းတွေကြောင့် အိမ်အတော်များများက အမိုးတွေ လွင့်ထွက်ကုန်ပါတယ်။  လေပြင်းကြောင့် လိမ့်ထွက်သွားတဲ့ ကားတစီးထဲက အမျိုးသားတယောက် သေဆုံးတယ်လို့ NHK သတင်းဌာနက အစီရင်ခံပါတယ်။  ဖိလစ်ပိုင်ဘာသာနဲ့ အရှိန်လို့ အဓိပ္ပာယ်ရတဲ့ တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်ဟာ စနေညနေပိုင်းမှာ  ဂျပန်နိုင်ငံ ဟွန်းရှူးကျွန်းမကြီးကတဆင့် ကုန်းတွင်း ဝင်ရောက်မှာပါ။ လပြည့်နေ့နဲ့ တိုက်ဆိုင်နေလို့ ဒီရေတက်ဖို့ ရှိတဲ့အတွက် တိုကျိုမြေနိမ့်ပိုင်းတွေမှာ ရေကြီးမယ့်ဘေးကို ရင်ဆိုင်နေရပါတယ်။
2 years Ago
More News
Up