မုဒုံ

November 12, 2021

မုဒုံက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၁ ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မုဒုံမြို့နယ် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုဆန်းလင်းဦးဟာ နိုဝင်ဘာ ၁၁ ရက် နေ့လယ် ၂ နာရီခွဲအချိန်လောက်က  ဖမ်းဆီးခံလိုက်ရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

ကိုဆန်းလင်းဦးကို စစ်ကောင်တပ်ဖွဲ့ဝင်တွေက မော်လမြိုင်သို့ လာရောက် ဖမ်ဆီးသွားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ နီးစပ်သူတွေအဆိုအရ ကိုဆန်းလင်းဦးဟာ CDM ဝန်ထမ်းတွေနဲ့ အဆက်အသွယ် ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်ဖြင့် ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။

ဖမ်ဆီးခံလိုက်ရတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ကိုဆန်းလင်းဦးကို စစ်ကောင်စီက ဘယ်နေရာမှာ ဖမ်ဆီးထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို လက်ရှိအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးပါဘူး။

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တွေ မကြာခဏ ဖမ်းဆီးစစ်ဆေးမေးမြန်းခံနေပါတယ်။

ဖမ်းဆီးခံရတဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် တချို့ ပြန်လည် လွတ်မြောက်လာပေမယ့် တချို့ကိုတော့ စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့်အရေးယူထားပါတယ်။

4 weeks Ago

October 15, 2021

မုဒုံမြို့က အသက်မပြည်သေးသည့် လူငယ် ၂ ဦးကို စစ်ကောင်စီ အင်အားသုံးဖမ်းဆီး

မွန်ပြည်နယ် မုဒုံမြို့မှာ အသက် ၁၆ နှစ်နဲ့ ၁၇ နှစ်အရွယ် အသက်မပြည့်သေးသူ နှစ်ဦးကို စစ်ကောင်စီက အင်အားသုံး ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မုဒုံမြို့ အမှတ် ၁ စာသင်ကျာင်းရှေ့၊ အောင်ချမ်းသာလမ်းမှာ နေထိုင်တဲ့ အသက် ၁၆ နှစ်အရွယ် မောင်မင်းထက်ကျော်ကို အောက်တိုဘာ ၁၃ ရက်နေ့ည ၁၀ နာရီကျော်မှာ စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။ 

ရှင်စောပုလမ်းသွယ် (ရဲစခန်းလမ်းကြား) မှာ နေထိုင်တဲ့ အသက် ၁၇နှစ်အရွယ် မနှင်းပွင့်မဒီကိုလည်း အောက်တိုဘာ ၁၃ ရက်နေ့ ည ၁၀ နာရီအချိန်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ မုဒုံမြို့ခံ နိုင်ငံရေးသမားတစ်ယောက်က ပြောပါတယ်။

“နှစ်ယောက်စလုံးက ကျောင်းသားအရွယ်လူငယ်တွေပါ။ စစ်သားတွေက နေအိမ်တွေမှာ မတရားဝင်ရောက်ဖမ်းဆီးခဲ့တာပါ။” 

အဖမ်းခံရတဲ့ လူငယ်တွေကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရဘဲ သူတို့ရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း စစ်သားတွေက သိမ်းယူသွားပါတယ်။

2 months Ago
More News
Up