မုဒိမ်းကျင့်

June 8, 2019

၆ နှစ်ကလေးအား မုဒိမ်းကျင့်ရန်ကြံစည်သူကို အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်

ကချင်းပြည်နယ် ဖားကန့်ဒေသမှာ ၆ နှစ်အရွယ် ကလေးငယ်အား မုဒိမ်းမှုကျူးလွန်ရန် ကြံစည်မှုနဲ့ အသက် ၆၀ အရွယ် ဦးသန်းမောင်ကို ဇွန် ၇ ရက်နေ့မှာ မိုးညှင်းခရိုင်တရားရုံးက အလုပ်နဲ့ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်ပါတယ်။ ဖြစ်စဉ်မှာ ဖားကန့်ဒေသ ဆိပ်မူကျေးရွာ ရပ်ကွက် ၁ မှာ နေထိုင်တဲ့ ဦးသန်းမောင်နေဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၇ ရက် ညနေက အိမ်နီးချင်းဖြစ်သူ မ--- ၆ နှစ်နဲ့ မြေးဖြစ်သူ၊ နောက်သူငယ်ချင်းအပါ ၃ ဦးဆော့ကစားနေစဉ် မုန့်ဖိုး ၁၀၀၀ စီပေးပြီး မြေးဖြစ်သူနဲ့ တခြားသူငယ်ကို မုန့်ဝယ်သွားဖို့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနောက် ကျန်ခဲ့သူ မ- - - -အား အခန်းတွင်းခေါ်ကာ မဖွယ်မရာ ပြုလုပ်ပြီး အဓမ္မကျင့်ဖို့ ကြံစည်တာကြောင့် ကလေးက အော်ဟစ်ငိုယိုနေစဉ် မုန့်ဝယ်သွားတဲ့ ကလေးနှစ်ဦး ပြန်ရောက်လာပြီး တံခါးခေါက်ခဲ့တဲ့အတွက် ဖွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်ခံရတဲ့ကလေး မိခင်က အမှုဖွင့်ခဲ့တာဖြစ်ပြီး မိုးညှင်းခရိုင်တရားရုံးက ပြစ်မှုကျူးလွန်သူ ဦးသန်းမောင်အား ပုဒ်မ ၃၇၆ နဲ့ အလုပ်နှင့်ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ သတင်း - မုန်းမုန်းမင်း ဓာတ်ပုံ - ဆိုင်းနန်
2 years Ago

January 14, 2019

ဖခင်ကိုသတ် မိခင်ကို မုဒိမ်းကျင့်ပြီး ထွက်ပြေးနေသူအား ထိုင်းရဲပိုက်စိပ်တိုက်ရှာဖွေ

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ဒွိုင်စကစ်မြို့နယ်ထဲမှာ ဖခင်ရင်းကိုသတ်ပြီး မိခင်ရင်းကို မုဒိမ်းကျင့်တဲ့ လူဆိုးတဦးကို ထိုင်းရဲတပ်ဖွဲ့က ပိုက်စပ်တိုက် အပူတပြင်းရှာဖွေနေပါတယ်။ အသက် ၃၁ နှစ်ရွယ်ရှိ နိုင်းချိုင်းယားတာ့နား ဆိုသူမှာ လွန်ခဲ့တဲ့ ၁၇ နှစ်က ဖခင်ရင်းကို ဓားနဲ့ ထိုးသတ်မှုနဲ့ ထောင်ကျခဲ့ဖူးပြီး မနှစ်က ထောင်ရက်စေ့လို့ ပြန်လွတ်လာခဲ့ပေမယ့် မိခင်ကို မုဒိမ်းကျင့်၊ ညီမဖြစ်သူကို ရိုက်နှက်ကာ ထွက်ပြေးလွတ်မြောက်နေတာလို့ ဆိုပါတယ်။ သူဟာ ဖခင်ကို သတ်စဉ်က အသက် ၁၄ နှစ်သာရှိသေးတဲ့ လူငယ်တဦးဖြစ်လို့ လူငယ်ပြုပြင်ရေး စခန်းမှာ ၃ နှစ်သာနေခဲ့ရပါတယ်။ ထောင်ကထွက်လာပြီး အလုပ်အကိုင်မရှိ၊ အရက်မူးလာရင် မိခင်နဲ့ ညီမ၊ အမတွေကို ခြိမ်းခြောက်ရိုက်နှက်လေ့ရှိကြောင်း၊ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာ ၂၄ ရက်နေ့ကတော့ ညီမကိုရိုက်ပြီး မိခင်ကို မုဒိမ်းကျင့်ကာ အိမ်ကနေ ထွက်ပြေးသွားခဲ့ပါတယ်။ မိသားစုက ရဲကိုတိုင်ကြားတဲ့အတွက် သူထွက်ပြေးပုန်းအောင်းသွားနိုင်မယ့်နေရာ အထူးသဖြင့် သူတို့နေထိုင်ရာ ဒွိုင်စကစ်မြို့နယ် မယ့်ပုံကျေးရွာအုပ်စုထဲမှာ ရဲက အပူတပြင်း ရှာဖွေလျက်ရှိပါတယ်။ ဒါပေမယ့် သူတို့ရွာဟာ တောတောင်အစပ်နားမှာဖြစ်တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ၁၀ ကီလိုမီတာထိ တောထဲတောင်ထဲ ၀င်ရောက်ရှာဖွေပေမယ့် ကနေ့ထိ မတွေ့သေးပါဘူး။ နိုင်းချိုင်းယားရဲ့ အကြမ်းဖက်တာခံရပြီးနောက် မိခင်နဲ့ မိသားစုဝင်တွေလည်း အဲဒီအိမ်မှာ မနေရဲတော့ဘဲ ရပ်ဝေးကဆွေမျိုးတွေဆီ ထွက်ပြေးပုန်းရှောင်နေသလို အဲဒီကျေးရွာအုပ်စုက လူတွေလည်း ကြောက်ကြောက်လန့်လန့်နဲ့ နေထိုင်နေကြရပါတယ်။ မနေ့ကတော့ နိုင်းချိုင်းယားကိုတွေ့ရှိသူ ဒါမှမဟုတ် သူရှိတဲ့နေရာကို သတင်းပေး နိုင်သူကို ဘတ်ငွေ ၅၀၀၀ ဆုချမှာဖြစ်ကြောင်း၊ နိုင်းချိုင်းယားအနေနဲ့ အဖမ်းမခံဘဲ ပြန်ခုခံရင် ရဲတပ်ဖွဲ့အနေနဲ့ မိမိကိုယ်မိမိ ပြန်ကာကွယ်ရလိမ့်မယ်လို့ ချင်းမိုင်ခရိုင်ရဲတပ်ဖွဲ့က ထုတ်ပြန်ကြေညာ ထားပါတယ်။
2 years Ago
More News
Up