မီးလောင်မှု

March 10, 2019

၂ ရက်ကြာ မီးလောင်နေသည့် အထက်​မင်းလှမြို့နယ်​ ရေနံလျှံကျင်းမီး ငြိမ်းသတ်​နိုင်​ပြီ(ရုပ်သံ)

အထက်​မင်းလှမြို့နယ်​ ထန်းကိုင်း​ရေနံ​မှော်​မှာ မတ်​လ ၈ ရက်​​နေ့ ည​နေက ​ရေနံလျှံကျင်း မီး​လောင်​မှုဖြစ်​ပွားခဲ့တာကို သံအုပ်​​ဆောင်းနဲ့အုပ်​ပြီး ငြိမ်းသတ်​ခဲ့လို့ ဒီနေ့ မနက်​ ၅ နာရီ​ကျော်​က မီးငြိမ်းခဲ့ပါတယ်။ မ​ကွေးတိုင်း​ဒေသကြီး မီးသတ်​ဦးစီးဌာန ဒုတိယတိုင်း ဦးစီးမှူး ဦးသန်းနိုင်​က "​ရေနံ​မှော်​ကို ဝင်​တဲ့လမ်း​တွေက တလမ်း​မောင်းလှည်းလမ်းပုံစံ​တွေဖြစ်​လို့ အဝင်​အထွက်​ခက်ခဲပြီး မီးသတ်​ကား တ​ချို့ အနည်းငယ်​ထိခိုက်​ပျက်​စီးခဲ့တယ်​။ ရေနံ​တွေပန်းထွက်​​ပြီး ​လောင်​​နေလို့ ရွာသား​တွေနဲ့ ဝိုင်းဝန်းငြိမ်းသတ်​ရာ ရွာမှာ​ ရေလုံ​လောက်​မှု မရရှိပါဘူး။ ​နောက်​ဆုံး စက်​ယန္တရား​တွေနဲ့ အုပ်​​ဆောင်​အုပ်​ပြီး ဘိုးရိန်းနည်းစနစ်နဲ့ ငြိမ်းသတ်ခဲ့ရတာ” လို့ ဆိုပါတယ်​။ မီး​လောင်​ကျွမ်းရာ​နေရာကို မ​ကွေးတိုင်း​ဒေသကြီး လုံခြုံ​ရေးနှင့် နယ်​စပ်​​ရေးရာဝန်​ကြီး၊ တာဝန်ရှိသူတွေ၊ မီးသတ်​တပ်​ဖွဲ့ဝင်တွေ၊ အရံမီးသတ်​တပ်​ဖွဲ့ဝင်​တွေ၊ ရဲတပ်​ဖွဲ့ဝင်​တွေ၊ မြန်​မာ့​ရေနံနဲ့ သဘာဝဓာတ်​​ငွေ ဝန်​ထမ်းတွေ ​ဒေသခံပြည်​သူ​တွေ ဝိုင်းဝန်းငြှိမ်းသတ်​​ခဲ့ကြတာပါ။ မ​ကွေးတိုင်း​ဒေသကြီး လုံခြုံ​ရေးနှင့် နယ်​စပ်​​ရေးရာဝန်​ကြီး ဗိုလ်​မှူးကြီး မင်းဦးက "သာမာန်​​ရေ၊ ​ဆေးရည်​​တွေနဲ့ ငြိမ်းသတ်​လို့ မလွယ်​ကူဘဲ၊ မြန်​မာ့​ရေနံနဲ့ သဘာဝဓာတ်​​ငွေ့ လုပ်​ငန်းက သံအုပ်​​ဆောင်းနဲ့အုပ်​ပြီး ငြိမ်းသတ်​ဖို့ ကြိုးစား​နေပါတယ်​" လို့ ​ပြောပါတယ်​။ ထန်းကိုင်း​ရေနံ​မှော်​က ​ရေနံလုပ်​သား ဦးဝင်းခင်​က "မတ်​လ ၈ ရက်​​နေ့ ည​နေက ​ရေနံဂက်​စ်​ ​တွေလျှံပြီး​လောင်​တာပါ။ သံစ​လောင်း အုပ်​လိုက်​တဲ့အတွက်​ ​ခေတ္တခဏငြိမ်းသွာပြီး ​ရေနံနဲ့ဂက်​စ်​တွေ လျှံပြီး ပြန်​​လောင်​​နေတာ" လို့ ဆိုပါတယ်​။ မင်းလှမြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူးထင်​​အောင်​လင်းက မ​ကွေးမြို့ ​အောင်​​မေတ္တာရပ်​ကွက်​​နေ ​ကျော်​သူ(ခ)​ကျော်​သူရဝင်း ပိုင်​တဲ့ ယာခင်းအတွင်းက ​ရေနံလျှံကျင်းက ​ရေနံနဲ့ ဂက်​စ်​​တွေ လျှံတက်​ရာက မီးစတင်​​လောင်​ကျွမ်းခဲ့တာဖြစ်ပြီး ​​ရေနံစိမ်း ၅ ​ပေပါ။ ကျပ်  ၅ သိန်း​ကျော်​ဖိုးလောက် မီး​လောင်​ဆုံးရှုံးခဲ့တယ်​လို့​ ပြောပါတယ်​။ ဖြစ်​စဉ်​နဲ့ပတ်​သက်​လို့ ​​ရေနံကျင်းပိုင်​ရှင်​ ​ကျော်​သူ(ခ)​ကျော်​သူရဝင်းကို မင်းလှမြို့မရဲစခန်းမှာ မီး​ပေါ့ဆမှု ရာဇတ်​သတ်​ကြီးပုဒ်​မ-၂၈၅ နဲ့ အမှုဖွင့် အ​ရေးယူထားတယ်​လို့ သိရပါတယ်​။ အဆိုပါ မီး​လောင်​မှုကို မီးသတ်​​ရေသယ်​ယဉ်​ ၁၂ စီး၊ သံအုပ်​​ဆောင်း စက်​ယန္တရား​တွေနဲ့ ငြိမ်းသတ်​ခဲ့ရာ ဒီနေ့မနက်​ ၂ နာရီ​ကျော်​မှာ မီးညွှန့်​ကျိုးပြီး မနက်​ ၅ နာရီ​ကျော်​မှာ မီးအပြီးငြိမ်းသတ်​နိုင်​ ခဲ့တာပါ။ မ​ကွေးတိုင်း​ဒေသကြီးအတွင်း ​ပေါက်​မြို့နယ်​ ​ရေခါး ​ရေနံ​မှော်​မှာ ပြီးခဲ့တဲ့ ဇန်​နဝါရီလမှာ တစ်​ကြိမ်​၊​ ဖေ​ဖော်​ဝါရီလမှာတ​ကြိမ်​ မီး​လောင်​မှု​ ဖြစ်​ပွားခဲ့ပါတယ်​။ မ​ကွေးတိုင်း​ဒေသကြီးအတွင်း တရားဝင်​ ​ရေနံလက်​ယက်​တွင်းတိမ်​လုပ်​ကွက်​​ပေါင်း ၃၁ ကွက်​ရှိပြီး ​တစ်​နှစ်​ကို ​မြေငှားခ အခွန်​​ငွေ တစ်​ဧကကို ကျပ် သုံးသိန်း ပေး​ဆောင်​ကြရတာပါ။ သတင်း-မင်းထီး
2 years Ago

January 26, 2019

ရခိုင်တွင် ၂၀၁၈ ခုနှစ်အတွင်း မီးလောင်မှုကြောင့် ကျပ် ၁၂၂ သန်းကျော်ဖိုးဆုံးရှုံး၊ ၇ ဦးသေဆုံး

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်မှာ မီးလောင်မှု ၁၀၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၇ ဦးသေဆုံးကာ ကျပ်သန်းပေါင်း ၁၂၂ သန်းကျော်ဖိုး ဆုံးရှုံးခဲ့တယ်လို့ ပြည်နယ်မီးသတ်ဦးစီးဌာနက ပြောပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း မီးဖိုမီးက ၄၂ ကြိမ်၊ ပေါ့ဆမီးက၂၆ ကြိမ်၊ အလိုအလျှောက်မီး ၁ ကြိမ်၊ လျှစ်စစ်မီး ၁၅ ကြိမ်၊ ရှို့မီး၂၁ ကြိမ်နဲ့ တောမီး ၁ ကြိမ် မီးလောင်မှုဖြစ်ခဲ့တယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသော်က ဒီဗွီဘီကိုပြောပါတယ်။ ၂၀၁၈ ခုနှစ်မှာ အိမ်အဆောက်အဦ ၃၄၀၊ စက်ရုံအလုပ်ရုံ ၁ ရုံနဲ့ ဂိုဒေါင် ၂ ခု လောင်ကျွမ်းခဲ့ပါတယ်။ အဲ့ဒီမီးလာင်မှုတွေမှာ သေဆုံးသူ ၇ ဦး၊ ဒဏ်ရာရသူ ၇ ဦးနဲ့ လူဦးရေ ၁၈၇၀ မီးဘေးသင့်ခဲ့ပြီး တိရစ္ဆာန် ၂၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကထက် မီးလောင်မှု အကြိမ်အရေအတွက် များပေမယ့် ဆုံးရှုံးမှုတန်ဖိုးကတော့ လျှာ့ကျသွားတယ်လို့ ဆိုပါတယ်။ မီးလောင်မှုဖြစ်ခဲ့ရင် ချက်ချင်း အရေးပေါ်ဖုန်းနံပါတ် ၁၉၉ ကို အချိန်မီ ဖုန်းဆက်သွယ်ဖို့ တိုက်တွန်းထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မီးလောင်မှုမှာ ဆုံးရှုံးမှုတန်ဖို့ များရတဲ့အကြောင်းအရင်းကတော့ ကျောက်တော်မြို့နယ် ပြည်တော်သာရပ်ကွက်မှာရှိတဲ့ ဆီဆိုင်တန်း မီးလောင်မှုမှာ ကျန်သိန်းပေါင်း ၄၉၀၀ ဆုံးရှုံးခဲ့တယ်လို့ ပြည်နယ်မီးသတ်ဌာနက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာတော့ မီးလောင်မှုကြောင့် သေဆုံးသူ ၃ ဦး ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၂၄ ဦးရှိကာ ကျပ်သန်းပေါင်း ၆၂၃ သန်းကျော် ဆုံးရှုံးခဲ့တယ်လို့ ပြည်နယ်မီးသတ်ဌာနက ပြောပါတယ်။ သတင်း-ဝဏ္ဏခွာညို
2 years Ago
More News
Up