မီးရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ရန် တင်ဒါခေါ်ယူမည်

May 24, 2016

မီးရထားလမ်းပိုင်းများ အဆင့်မြှင့်တင်ရန် တင်ဒါခေါ်ယူမည်

မီးရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းတွေအတွက် တင်ဒါခေါ်ယူခြင်းကို ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင် ခေါ်ယူသွားမယ်လို့ မြန်မာ့မီးရထားဦးစီးဌာနက သိရပါတယ်။ "ဒီနှစ်ကုန်ပိုင်းမှာ စတင်ပြီးတော့ ပစ္စည်းဝယ်တာတွေကို တင်ဒါစခေါ်မယ်။ ရန်ကုန်ကနေ တောင်ငူလမ်းအပိုင်း အဆင့် (၁)ကို စပြီးတပ်ဆင်ဖို့ဖြစ်ပါတယ်။ ၂၀၂၂ - ၂၀၂၃ အထိ လုပ်သွားဖို့ ဖြစ်ပါတယ်။ ၂၀၂၅ မှာ အပြီးလုပ် ရမှာဖြစ်ပါတယ်"လို့ မြန်မာ့မီးရထားက အထွေထွေမန်နေဂျာ (စီမံကိန်း) ဦးဘမြင့်က ပြောပါတယ်။ ရန်ကုန်-မန္တလေး မီးရထားလမ်းအဆင့်မြှင့်တင်ခြင်းကို ယခုနှစ်ကုန်ပိုင်းမှာ စတင် ဆောင်ရွက် သွားမှာဖြစ်တယ် လို့ မြန်မာ့မီးရထားဦးစီးဌာနက သိရပါတယ်။ ရန်ကုန်-မန္တလေး လမ်းအပိုင်းထဲက ရန်ကုန်-တောင်ငူ လမ်းအပိုင်းကို အပိုင်း (၁) အနေနဲ့ ဆောင်ရွက် သွားမှာဖြစ်ပြီး ယခု ၂၀၁၆ နှစ်ကုန်ပိုင်းမှာ မီးရထားလမ်းအပိုင်းအတွက် ပစ္စည်း ၀ယ်ယူခြင်းအတွက် တင်ဒါခေါ် ယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ရန်ကုန်-မန္တလေး မီးရထားလမ်းအဆင့်မြှင့်တင်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ လောက်ကုန် ကျနိုင်တယ်လို့ခန့်မှန်ထားလည်း ဦးဘမြင့်က ပြောဆိုခဲ့ပါသေးတယ်။ မြန်မာ့မီးရထားကဏ္ဍရဲ့ မီးရထားတွဲဆိုင်းတွေနဲ့ လမ်းအပိုင်း အဆင့်မြှင့်တင်ခြင်းတွေကို ဂျပန်နိုင်ငံက အကူအညီနဲ့ JICA တို့ ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်။ မီးရထားကဏ္ဍနေနဲ့ အဓိကကြုံတွေ့နေရတဲ့ အခက်အခဲတွေကတော့ နှစ်ပေါင်းများစွာကတည်းက အမျိုးအမည်စုံလင်တဲ့ စက်ခေါင်းတွေနဲ့ ပစ္စည်းတွေအသုံးပြုနေရခြင်းက ပထမဆုံး အခက်အခဲ ဖြစ်တယ်လို့ မြန်မာ့မီးရထားဦးစီးဌာနက သိရတာပါ။
5 years Ago
Up