မီးပုံးများ

February 2, 2019

တရုတ်နှစ်သစ်ကူး အလှချိတ်ဆွဲထားသည့် မီးပုံးများ (ဓာတ်ပုံ)

တရုတ်လူမျိုးတွေရဲ့ အယူအဆအရ ဖေဖော်ဝါရီ ၄ ရက်နေ့ည ၁၁ နာရီမှာ နှစ်ကူးမှာဖြစ်ပြီး ၅ ရက်နေ့ကို တရုတ်နှစ်သစ်ကူးနေ့အဖြစ် သတ်မှတ်ထားပါတယ်။ Yangon Chinatown 2019 အထိမ်းအမှတ်ပွဲအဖြစ် လသာမြို့နယ် မဟာဗန္ဓုလ လမ်းတလျောက်မှာ တရုတ်မီးပုံးတွေကို အလှချိတ်ဆွဲထားပါတယ်။ ဝက်နှစ်အဖြစ် သတ်မှတ်ထားတဲ့ ရန်ကုန် တရုတ်တန်း တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲကို ဖေဖော်ရီ ၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး နှစ်ကူးကာလအတွင်း စဥ့်အိုးတန်းလမ်းမှာ တရုတ်နင်္ဂါးအက ပြိုင်ပွဲတွေ ကျင်းပသွားမှာပါ။ သူဇာလင်း  
2 years Ago
Up