မီးပန်း ပစ်ဖောက်

January 1, 2021

ဂျာမနီ၌ အိမ်တွင်း မီးပန်း ပစ်ဖောက်သဖြင့် မီးလောင်မှုများ ဖြစ်

ဂျာမနီနိုင်ငံ မြို့တော်ဘာလင်မှာ နှစ်သစ်ကူးည မီးရှူးမီးပန်း ပစ်လွှတ်တာကို တားမြစ်ထား ပေမဲ့ မြို့သူမြို့သားတွေက နေအိမ်လသာဆောင်တွေမှာ မီးပန်းတွေ ပစ်ဖောက်လို့ အိမ်တွင်း မီးလောင်မှု ဒါဇင်ချီ ဖြစ်ပွားခဲ့ပါတယ်။  ဒီဇင်ဘာ ၃၁ ရက်ညသန်းခေါင်နဲ့ ၆ မိနစ်အကြာမှာ ဘာလင်မီးသတ်ဌာနကို မီးလောင်မှု ၁၈ ခု အကြောင်းကြားခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။  မီးလောင်မှုတွေကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရတာမျိုး မရှိဘူးလို့လည်း မီးသတ်တပ်ဖွဲ့ က ဆိုပါတယ်။  ခါတိုင်းနှစ်သစ်ကူးညတွေမှာ မြို့သူမြို့သားတွေ လမ်းပေါ်ထွက်ပြီး မီးရှူးမီးပန်း ပစ်လွှတ်ပေမဲ့ ဒီနှစ်သစ်ကူးမှာ လူစုလူဝေးမဖြစ်အောင် အများပြည်သူဆိုင်ရာ နေရာတွေမှာ မီးပန်း ပစ်ဖောက်တာကို အာဏာပိုင်တွေက တားမြစ်ခဲ့ပါတယ်။  မီးရှူးမီးပန်းရောင်းချတာကိုလည်း ဒီဇင်ဘာ ၃၁ ရက်အထိ တားမြစ်ထားပါတယ်။ လော့ဒေါင်းချထားတဲ့ ဘာလင်မြို့မှာ မရှိမဖြစ် ကုန်စည်တွေရောင်းချတဲ့ ဆိုင်တွေကိုသာ ဇန်နဝါရီ ၁၀ ရက်အထိ ဖွင့်ခွင့်ပြုထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။    
4 months Ago
Up