မီရှဲလ်အိုဘားမား

November 15, 2018

မီရှဲလ်အိုဘားမား၏ ကိုယ်တွေ့မှတ်တမ်းစာအုပ်သစ် အရောင်းမြှင့်တင်ပွဲ ပြုလုပ်

အမေရိကန် သမ္မတကတော်ဟောင်း မီရှဲလ်အိုဘားမားရဲ့ ကိုယ်တွေ့မှတ်တမ်း စာအုပ်သစ် နယ်လှည့် အရောင်းမြှင့်တင်ပွဲကို နိုဝင်ဘာ ၁၃ ရက်နေ့က ချီကာဂိုမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ချီကာဂိုမြို့ စာအုပ်ဆိုင်တဆိုင်မှာ မီရှဲလ်အိုဘားမားက စာဖတ်ပရိသတ်တွေနဲ့ တွေ့ဆုံပြီး သူ့ရဲ့ ကိုယ်တွေ့မှတ်တမ်း စာအုပ်သစ်မှာ လက်မှတ်ရေးထိုးပေးပါတယ်။ အဲဒီ Seminary Co-op စာအုပ်ဆိုင်ဟာ မီရှဲလ်ရဲ့ နယ်လှည့်ခရီးစဉ်မှာ ဦးဆုံးသွားရောက်တဲ့ စာအုပ်ဆိုင်လည်း ဖြစ်ပါတယ်။ သမ္မတကတော်ဟောင်းရဲ့ စာအုပ်နာမည်ကို "Becoming" လို့ နာမည်ပေးထားပြီး နိုဝင်ဘာ ၁၃ ရက်နေ့မှာ တရားဝင် ထုတ်ဝေခဲ့ပါတယ်။ မီရှဲလ်ရဲ့ အဲဒီစာအုပ်ဟာ အိုပရာဝင်းဖရေး Book Club ရဲ့ ထောက်ခံချက်ကို ရရှိထားတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago

July 20, 2016

မီရှဲလ်အိုဘားမားမိန့်ခွန်းကို ကူးချပြောဆိုဟု ဒေါ်နယ်ထရမ့်ဇနီးဖြစ်သူ ဝေဖန်ခံရ (ရုပ်သံ)

အမေရိကန်နိုင်ငံ၊ ရီပတ်ဘလီကန်ပါတီမှ ဒေါ်နယ်ထရမ့်ရဲ့ ဇနီးဖြစ်သူ မဲလန်နီယာဟာ ပါတီညီလာခံညမှာ ပထမဆုံး နိုင်ငံရေးမိန့်ခွန်း ပြောခဲ့ပြီးနောက် ဒီမိန့်ခွန်းဟာ ၂၀၀၈ ခုနှစ်က လက်ရှိသမ္မတကတော် မီရှဲလ်အိုဘားမားပြောခဲ့တဲ့ မိန့်ခွန်းကို တိုက်ရိုက်ခိုးယူ ပြောခဲ့တာလို့ ဝေဖန်ခံနေရပါတယ်။ ခင်ပွန်းဖြစ်သူ ဒေါ်နယ်ထရမ့်ဟာ မဲဆွယ်ပွဲတွေမှာ အငြင်းပွားဖွယ် မဲဆွဲမှုတွေ ရှိခဲ့ပေမယ့် တကယ်တမ်းတော့ သူဟာ ဖြောင့်မတ်ခိုင်မာသူဖြစ်တယ်လို့ သူက ပြောလိုက်တာပါ။ အမေရိကန်ပြည်သူတွေအနေနဲ့ နိုင်ငံကို တကယ်တမ်း ကာကွယ်ပေးနိုင်မယ့်သူကို လိုအပ်တယ်ဆိုရင် ဒေါ်နယ်ထရမ့်ကို အာမခံပါတယ်လို့ မဲလန်နီယာက ပြောပါတယ်။ သူ့ရဲ့မိန့်ခွန်းစကားတွေဟာ ၂၀၀၈ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွေမှာ လက်ရှိသမ္မတကတော် မီရှဲလ်အိုဘားမား ပြောဆိုခဲ့တဲ့ စကားတွေကို တိုက်ရိုက်ခိုးယူ ပြောဆိုတယ်လို့ ဝေဖန်နေကြတာပါ။ မဲလန်နီယာဟာ စလိုဗေးနီးယားနိုင်ငံသူ မော်ဒယ်လ်တဦး ဖြစ်ခဲ့ဖူးပြီး ၂၀၀၆ ခုနှစ်ကမှ အမေရိကန်နိုင်ငံသား ဖြစ်လာခဲ့ကာ တခြား သမ္မတလောင်းကတော်တွေနဲ့စာရင် လူရှေ့သူရှေ့ကို ပေါ်ပေါ်ထင်ထင် ထွက်လေ့မရှိသူ ဖြစ်ပါတယ်။ သူထောက်ခံအားပေးတဲ့ ခင်ပွန်းဖြစ်သူ ဒေါ်နယ်ထရမ့်ကတော့ အမေရိကန်နိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ ၀င်ရောက်မှုကို ကန့်သတ်ပြီး မက္ကဆီကိုနယ်စပ်မှာ တံတိုင်းခတ်မယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ထရမ့်ရဲ့ ပြင်ပဆက်ဆံရေးအကြံပေး ဂျေဆင်မီလာကတော့ “သူ့(မဲလန်နီယာ)အတွက် လှပတဲ့ ဒီမိန့်ခွန်းစကားတွေကို သူ့ဘ၀ရဲ့ အသိဉာဏ်ကွန့်မြူးမှုတွေနဲ့ ပေါင်းစပ်ပြီး ချရေးခဲ့တာပါ။ တချို့သာဓကတွေဟာ သူ့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေကနေ တဆင့် ရောင်ပြန်ဟပ်နေခဲ့တာပါ။ မဲလန်နီယာရဲ့ အမေရိကန်နိုင်ငံတွင်း ပြောင်းရွှေ့ဝင်ရောက်လာခဲ့တဲ့ အတွေ့အကြုံနဲ့ အမေရိကန်နိုင်ငံအပေါ် ချစ်မြတ်နိုးမှုတွေကို ဒီမိန့်ခွန်းထဲမှာ တွေ့ရမှာပါ” လို့ ပြောပါတယ်။
5 years Ago
Up