မီတာခ

May 21, 2021

မီတာခများရအောင်ကောက်ရန် အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင်ညွှန်ကြား

ပြည်လူလူထုတွေထံကနေ လျှပ်စစ်ဓာတ်အားခတွေ သတ်မှတ်နှုန်းထားနဲ့ သတ်မှတ်ချိန်အလိုက် ကောက်ခံရရှိရေး ဆောင်ရွက်ကြဖို့ အကြမ်းဖက်အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က  ညွှန်ကြားလိုက်ပါတယ်။

နေပြည်တော်မှာ  မေ ၂၀ ရက်က ကျင်းပတဲ့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီအဖွဲ့ဝင်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြည်တွင်း စီးပွားရေးလုပ်ငန်းတွေကို အားပေးကြရမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်းပါက တိုင်းပြည်ဆင်းရဲသွားမည်ဖြစ်ကြောင်း၊ အဆင်းရဲဆုံး နိုင်ငံတွေစာရင်းမှ လွတ်မြောက်နိုင်ရန် အစိုးရ အဆက်ဆက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းပြည်အတွက် ရသင့်ရထိုက်တဲ့ အခွန်အခတွေ ရရှိအောင် ဆောင်ရွက်ရာမှာ နိုင်ငံတော်နဲ့ ပြည်သူ နှစ်ဦးနှစ်ဖက်အကျိုးရှိအောင် လုပ်ဆောင်ရန် လိုကြောင်းပြောကြားခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ရပ်နားထားရတဲ့ နိုင်ငံပိုင် စက်ရုံအလုပ်ရုံတွေ ပြည်လည်လည်ပတ်နိုင်အောင် ဆောင်ရွက်ဖို့၊  ပြည်တွင်း ထုတ်ကုန်တွေလုံလောက်အောင်ထုတ်လုပ်ပြီး ပြည်ပသွင်းကုန်တွေလျှော့ချကာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြဖို့လည်း ပြောသွားပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်က ကိုဗစ်-၁၉ ကပ်ဘေးကြောင့် စီးပွားရေးအခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် မီတာခတွေ လျှော့ပေးခဲ့ပါတယ်။ 

အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်တဲ့ အနေနဲ့ မီတာခတွေအပါအဝင် အခွန်တွေမပေးဆောင်ကြဖို့လည်း ပြည်သူတွေကတောင်းဆို လှုပ်ရှားမှုတွေပြုလုပ်နေကြပါတယ်။  

3 weeks Ago

July 11, 2020

ဇူလိုင်လအတွက် မီတာခတွေကို ၇၅ ယူနစ်အထိ အခမဲ့သုံးခွင့်ပေးမည်

ဇူလိုင်လအတွက် မီတာခတွေကို ၇၅ ယူနစ်အထိ အခမဲ့သုံးခွင့်ပေးမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကို ဇူလိုင် ၁၅ ရက် အထိ တိုးမြှင့်ခဲ့တာကြောင့် ဒီကာလအတွင်းမှာ ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေရဲ့ အိမ်သုံးမီတာအမျိုးအစားအတွက် လျှပ်စစ်သုံးစွဲတာ ၁ ယူနစ်ကနေ ၇၅ ယူနစ် အထိ ကင်းလွတ်ခွင့်ပေးမယ်လို့ ထပ်မံ ကြေညာလိုက်တာပါ။ ဒီထဲမှာတော့ သံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမပါဘဲ နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တလုံးတခဲတည်းအိမ်သုံး၊ စီးပွားရေးလုပ်ငန်းမပါတဲ့ ဘာသာ သာသနာ အဆောက်အအုံတွေနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေအတွက်ပဲ ကင်းလွတ်ခွင့်ပေးတာပါ။ ပြီးခဲ့တဲ့ ဧပြီလကစလို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလတလျှောက် မီတာခတွေကို တလမှာ ယူနစ် ၁၅၀ အထိ ကင်းလွတ်ခွင့်ပေးလာတာဖြစ်ပြီး အရင်လတွေထက် မီတာခ ပိုများလာတယ်လို့လည်း ဝေဖန်တာတွေ ရှိနေပါတယ်။
11 months Ago
More News
Up