မိုးသည်းထန်စွာရွာသွန်းနေ၍

October 3, 2020

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချီဖွေ-ပန်ဝါသွားလမ်း ပျက်စီး

ကချင်ပြည်နယ် ချီဖွေ-ပန်ဝါသွားကားလမ်းမှာ စက်တင်ဘာ ၂၇ ရက်နေ့ မနက်က  မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းဘေးမြေစာ ပြိုကျမှုဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၂ ရက်နေ့ညအထိ ခရီးလမ်းပြတ်တောက်တယ်လို့ မြို.နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရပါတယ်။ မြေစာပြိုကျမှုကို ချီဖွေငယ်ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံက ယာဉ်တစ်စီးနဲ့ လာရောက် ရှင်းလင်းခဲ့ပေမယ့်  မြေစာပြိုကျမှုကြီးမားတဲ့အတွက် အဆင်မပြေသေးတာလို့ သိရပါတယ်။ ဘတ်ဟိုးယာဉ်နဲ့ ရှင်းလင်းမှသာ အဆင်ပြေမှာဖြစ်လို့ ဘွမ်ပန်လောင်ကုမ္ပဏီနဲ့ ပန်ဝါဌာနေပြည်သူစစ်ပိုင် ကုမ္ပဏီတခုဖြစ်တဲ့ နတလ လမ်းပိုင် (၁၉) မိုင်ကို အကူအညီတောင်းခံရာမှာလည်း လမ်းခရီး အခက်အခဲရှိတာကြောင့် ရောက်မလာသေးဘူးလို့ သိရပါတယ်။   ချီဖွေ-ပန်ဝါသွားကားလမ်းနဲ့ ချီဖွေ-မြစ်ကြီးနားသွားလမ်းတွေဟာ မိုးရာသီရောက်တိုင်း လမ်းဘေးမြေစာပြိုကျမှု ဖြစ်လေ့ရှိပါတယ်။
7 months Ago

September 29, 2020

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေစည်းခုံဘုရား တောင်ဘက်မုခ် ပြိုကျပျက်စီး

ညောင်ဦးမြို့နယ်မှာ စက်တင်ဘာ ၂၉ မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရွှေစည်းခုံ ဘုရားကြီး တောင်ဘက်မုခ် ပြိုကျပျက်စီးခဲ့တယ်လို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးဦးစီးဌာနက သိရပါတယ်။ ပုဂံရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က “ နှစ်ကတော့ ခြောက်ဆယ်၊  ခုနှစ်ဆယ် ဝန်းကျင်လောက် သက်တမ်းရှိမှာပေါ့၊ ပျက်စီးတဲ့ အနေအထားကတော့ စောင်းတန်းရဲ့ ၁၅ ပေ စာလောက်ပြိုကျတာ။ ခရိုင်အုပ်ချုပ်ရေးနဲ့ ဂေါပကအဖွဲ့က ပူပေါင်းပြီး ပြန်လည် ပြင်ဆင်ဖို့လုပ်နေပါတယ်။ ရှေးဟောင်းကတော့ နည်းပညာ အကူအညီပေးမှာပါ” လို့ပြောပါတယ်။ မြန်မာ့ရှေးဟောင်းအမွေအနှစ်  ရွှေစည်းခုံဘုရားကြီးဟာ ပုဂံမြို့ဟောင်းရဲ့ အရှေ့မြောက်ဘက် လေးမိုင်လောက်ဝေးတဲ့ ညောင်ဦးမြို့မှာ တည်ရှိပြီး ဉာဏ်တော်ပေ ၁၆၀ ၊ ဖိနပ်တော်အကျယ်ပေ  ၁၆၀  ရှိပါတယ်။  သတင်း- ကိုလင်း(ချောက်)
8 months Ago
More News
Up