မိုးမောက်

July 6, 2021

မိုးမောက်တွင် ဆရာတော်တစ်ပါး ပျံလွန်တော်မူပြီးမှ ကိုဗစ်ပိုးတွေ့၊ ထိတွေ့သူ ၅၀ ကူးစက်ခံရ

ကချင်ပြည်နယ်၊ မိုးမောက်မြို့ မန္တလေးကျောင်းတိုက်ရှိ ကျောင်းထိုင်ဆရာတော်ဦးသိက္ခာစာရ သက်တော် ၅၀ ဝါတော် ၃၀ ရှိ ဆရာတော်တစ်ပါး ဇူလိုင် ၅ ရက် မနက် ၃ နာရီလောက်က ပျံလွန်တော်မူခဲ့ပြီးနောက် တာဝန်ရှိသူတွေက ကိုဗစ်ရောဂါပိုးရှိမရှိ စစ်ရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။

ဆရာတော်နဲ့ အနီးကပ်နေသူတွေ၊ သံဃာတော်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ လူပုဂ္ဂိုလ်တွေကို စစ်ဆေးရာမှ ကိုဗစ်ပိုးကူးစက်ခံရသူ တစ်နေ့တည်း အယောက် ၅၀ အထိ တွေ့ရှိခဲ့ပြီး ဆက်လက် ထိစပ်ခဲ့သူတွေကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရှိရပါတယ်။

ဆရာတော်ဟာ သွေးချို ဆီးချိုရောဂါရှိနေပြီး နေမကောင်းဖြစ်နေတာ လေးငါးရက်လောက် ရှိနေပြီလို့ ဒေသခံအချို့က ပြောပါတယ်။

ဗန်းမော်ခရိုင်မှာ မိုးမောက်မြို့၊ လွယ်ဂျယ်မြို့၊ မံစီမြို့၊ ရွှေကူမြို့နဲ့ ဗန်းမော်မြို့တွေမှာ ဇွန်လကုန်ခါနီးအချိန်မှစတင်ကာ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဇူလိုင် ၅ ရက်နေ့ ည ၉ နာရီအထိ ထပ်တိုး ကိုဗစ်ပိုးတွေ့ရှိသူအရေအတွက်ဟာ ၉၇ ဦးအထိရှိတယ်လို့ ဆိုပါတယ်။

မိုးမောက်မြို့နယ်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ  ၅၀ မှာ ဆရာတော်တပါးပျံလွန်တော်မူ၊ မန်စီမြို့နယ်က လူနာ ၉ ဦးမှာ ၁ ဦး သေဆုံး၊ ဗန်းမော်မြို့နယ်က အတည်ပြုလူနာ ၇ ဦး၊ ရွှေကူမြို့နယ်က ၃၆ ဦး တစ်ရက်တည်းတွေ့ရှိရပြီး တပတ်အတွင်း ဗန်းမော်ခရိုင်မှာ ကိုဗစ်အတည်ပြုလူနာ ၂၀၀ လောက် စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးက ကြေညာထားပါတယ်။

4 weeks Ago

June 6, 2021

ကချင်စစ်ဘေးရှောင်များအတွက် နေအိမ်သစ်များ လွှဲပြောင်းအပ်နှံ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူတွေ နေရပ်ပြန်နိုင်ရေးအတွက် နေအိမ်တွေ ဆောက်လုပ်တဲ့လုပ်ငန်းပြီးစီးသွားပြီဖြစ်လို့  ဇွန်လ ၅ ရက်နေ့မှာ နေအိမ်သစ်တွေကို စစ်ရှောင်မိသားစုတွေထံ  ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က လွှဲပြောင်းအပ်နှံပေးခဲ့ပါတယ်။

အခုဆောက်လုပ်ပြီးစီးတဲ့ နေအိမ် ၁၄၆ လုံးကို  ဂျပန်နိုင်ငံက နီပွန်ဖောင်ဒေးရှင်းက ကူညီ ထောက်ပံ့လှူဒါန်းတာဖြစ်ပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်  KBCက တာ၀န်ယူ ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ် တကျော့ပြန်စစ်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ကချင်စစ်ဘေးရှောင်ပြည်သူ တစ်သိန်းကျော် နေရပ်ပြန်နိုင်ရေး နီပွန်ဖောင်ဒေးရှင်းဟာ အမေရိကန်ဒေါ်လာ ၅ သန်းကျော်ကို KBC မှတဆင့် ပေးအပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အဆိုပါထောက်ပံ့ငွေနဲ့ KBC မှ တာ၀န်ယူကာ ကချင်ပြည်နယ်ရှိ ပူတာအို၊ ချီဖွေ၊ ဝိုင်းမော်၊ မြစ်ကြီးနား၊ မိုးမောက်မြို့နယ် အတွင်းရှိ ကချင်စစ်ရှောင်မိသားစုတွေအတွက်  အိမ်ခြေ ၆၀၀ ကျော်  ဆောက်လုပ်ပေးနိုင်ခဲ့တယ်လို့  အသင်းတော်တာ၀န်ရှိသူတွေထံကနေ သိရပါတယ်။

ဓာတ်ပုံ - KBC

2 months Ago
More News
Up